အခန်း(၁၅)

2.8K 168 8
                                    

#Unicode#

ပိုင် ဆိုင်ကယ်ပေါ်ကို တက်မလို့  ပြင်နေတုန်းမှာ ဟွန်းတီးသံ ကြားလိုက်တော့သည်။ ဒါနဲ့ဘဲ ပိုင် လှည့်ကြည့်လိုက်တာပေါ့။ ဆိုင်ကယ် မီးကြောင့် ပိုင် မျက်စိတွေ စူးကနဲ ဖြစ်သွားတော့သည်။ ဒါကြောင့် လက်ကလေးနဲ့ ကာလိုက်သည်။ ပိုင် လက်နဲ့ ကာလိုက်လို့လား မသိ‌ပါဘူး။ မီးပိတ်သွားလေ၏။ ဒါနဲ့ဘဲ ပိုင် ကာထားတဲ့ လက်ကို ဖယ်လိုက်ပြီး ကြည့်လိုက်တော့တာပေါ့။ ပိုင် အံ့ဩသွား ရလေသည်။ ပြည့်ဖြိုးသျှန် ဖြစ်နေတာလေ။ ဆိုင်ကယ်ကို အလောတကြီးနဲ့ မောင်းလာရတယ် ထင်ပါရဲ့ ဆံပင်လေးတွေက ထိုးထိုးထောင်ထာင် ဖြစ်လို့နေသည်။ ပြီး‌တော့လည်း မျက်မှောင်ကြုတ်ပြီး ပိုင့်ကို ကြည့်နေလေရဲ့ ။ တစ်ခုခုကို ဘ၀င်မကျ သူလိုမျိုးပေါ့။

ဒါနဲ့ ပိုင်လည်း "သျှန် ဘယ်က ဘယ်လိုရောက်လာတာ" ဆိုပြီး လှမ်းမေးလိုက်တော့သည်။

"ပိုင်သက်သာပြီလားဆိုတာ သိချင်လို့"

"ပိုင် သက်သာနေပါပြီ"

"အဲ့တာဆို ဘာလို့မစောင့်တာဘဲ"

"သျှန်ဘဲ သူငယ်ချင်းနဲ့ ပြန်ချင်ရင် ပြန်ဆို"

"ထားပါတော့"

ပိုင် ပြည့်ဖြိုးသျှန် မေးလိုက်သော စကားကြောင့် အံ့ဩနေလေသည်။ သူငယ်ချင်းနဲ့ ပြန်ချင်ပြန်ဆိုလို့ ပြန်လာလိုက်တာလေ။ ခုက သူကပိုင့်ကို စိတ်တိုနေလေရဲ့။ ပြီးတော့ သျှန်က အခု ပိုင်တို့ အပြင်သွားမယ့် အချိန်နဲ့ ကွက်တိကို ရောက်လာတာလေ။ ပြောရရင် အပြင်သွားမယ်ဆိုတာကို သိနေတဲ့ သူမျိုးလိုပေါ့။

ပိုင် ရပ်ပြီး စဉ်းစားနေတုန်း "ပိုင်ဘယ်သွားမလို့လဲ" ဆိုပြီး သျှန်က မေးလာလေသည်။

"အမ်.......သော်ထူးဝေက မုန့်လိုက်ကျွေးမလို့လေ၊ အဲ့တာလိုက်သွားမလို့”

"ဟျောင့် ငါလည်း လိုက်မယ်၊ ငါ ညစာ မစားရသေးတာနဲ့ အတော်ဘဲ" ဆိုပြီး ပြည့်ဖြိုးသျှန် ပြောလိုက်တော့ သော်ထူးဝေ မျက်နှာပျက်သွားလေသည်။ ပိုင်လည်း သော်ထူးဝေကို တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့မှ ပြည့်ဖြိုးသျှန်ဖက် လှည့်လိုက်ကာ

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Onde histórias criam vida. Descubra agora