အခန်း(၃၄)

1.4K 95 1
                                    

#Unicode#

ကျောင်းအုပ်ဆရာကြီး ပြောသလို အာစရိယ ပူဇော်ပွဲ(Farewell) လည်း ပြီးသွားပြီလေ။ အခု စာမေးပွဲဘဲ ဖြေဖို့ ကျန်တော့တာလေ။ Private study မပေးခင် တစ်ပတ်အလိုမှာ ပိုင်နဲ့ ကျော်ကြီး ကျောင်းက ကန်းတင်းမှာ ထိုင်နေကြလေသည်။ ထုံးစံအတိုင်း စာမပြီးတာဘဲပေါ့လေ။ ပြီးတော့ ဆရာမက စာသင်မယ်ပြောလို့ ကျောင်းလာတာကို ဆရာမက မလာဘူးတဲ့လေ။ ဒါနဲ့ဘဲ ကန်တင်းမှာထိုင်နေလိုက်တာ။

ကျော်ကြီးတို့အတန်းကစာသင်တယ်။ ဒါပေမဲ့ ကျော်ကြီးက ပိုင်နဲ့
အတန်းလစ်လာတာလေ။ သျှန်ကတော့ အတန်းသွားတက်ပြီလေ။

"ဟူး....ကျော်ကြီး မင်းတို့ မေဂျာက စာသင်လို့ မပြီးသေးဘူးလား" ပိုင် ပျင်းလာတာနဲ့ဘဲ မေးလိုက်လေသည်။

"မင်းတို့လည်းမပြီးလို့ လာနေတာမလား"

"ဟာ...ငါတို့မေဂျာက နဲနဲဘဲကျန်တာ မင်းတို့က အများကြီး ကျန်တာနေမှာပေါ့"

"အေအေ ဟုတ်မယ်…..ထင်တယ်" လို့ ပြောပြီး ကျော်ကြီးက မဲ့ရွဲ့ကာ နေလေသည်။

"ဟျောင့်.....ပိုင်...ဟိုမှာအွမ် ဟုတ်တယ်မလား"

ပိုင်လည်း သူပြောတဲ့နေရာကို ကြည့်လိုက်တော့ အွမ်မှ အွမ်ဘဲ။ ဒါပေမယ့် အကိုတစ်ယောက်နဲ့ လက်ချင်းတွဲပြီး ပျော်နေတဲ့ အွမ်လေ။

"ဟုတ်တယ်လေ" ပိုင် ပြန်ဖြေလိုက်တာပေါ့။

သူ့ကို ချီးကားတိုက်သွားရင်တောင် မှတ်မိနေတဲ့ အထိ ပေါင်းလာကြတာလေ။

"ဟုတ်‌တော့ ဟုတ်တယ်......ဘေးက ဘယ်သူလဲမသိဘူး"

ခဏကြာတော့ အွမ်နဲ့ သူတွဲလာတဲ့ အကိုနဲ့က ပိုင်တို့ ဝိုင်းနား
ရောက်လာပြီး ထိုင်ခုံမှာ ကျကျနနထိုင်နေတော့တာလေ။
ပိုင်နဲ့ ကျော်ကြီးကတော့ ကြောင်တောင်တောင် ဖြစ်နေတာနဲ့ ဒီအတိုင်းသာ ကြည့်နေလိုက်သည်။

"အကို .....ဒါကပိုင်ဇေထွဠ်။ ပြီးတော့ ဟိုဘက်က ကျော်သုတတဲ့"

"ဟဲ့….ဟိုနှစ်ယောက်" လို့ လှမ်းခေါ်တော့ ပိုင်နဲ့ ကျော်ကြီးတို့ အွမ်ကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Unde poveștirile trăiesc. Descoperă acum