အခန်း(၁၂)

3K 191 2
                                    

#Unicode#

တံခါးဖွင့်လာတော့ ပိုင် သျှန့်ကို ရုတ်တရက်ကြီး တွေ့လိုက်ရတော့သည်။

"ဟင်...သျှန်က ဘာလာလုပ်တာလဲ မသိဘူး” လို့လည်း တွေးရင်း သျှန့်ကို ကြည့်နေမိတော့သည်။ 

ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး သျှန့်ကိုသာ ထပ်ပြီ ကြည့်နေပြန်တော့သည်။ ခဏနေတော့ အကိုက
"ပိုင် သူငယ်ချင်းနဲ့ စကားပြောလိုက်အုန်း အကို လုပ်စရာလေးရှိသေးလို့။ တစ်ခုခုလိုရင် အပြင်မှာ အဒေါ် ရှိတယ် လှမ်းခေါ်လိုက်ကြားလား" ဟူ၍ ပိုင့်ကိုမှာသွားတော့သည်။

ပိုင်လည်း "ဟုတ် အကို " လို့ ပြန်ဖြေလိုက်ပြီး သျှန့်ကို ပြန်ကြည့်လိုက်သည်။ ပြုံးစိစိနဲ့ ပိုင့်ကို လာကြည့်နေတော့တာလေ။

"ဘာကြည့်နေတာလဲ လူကို နွားပွဲစားများ မှတ်နေလား"ဆို၍ ပိုင် မျက်စောင်းလေးထိုးပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး ပျော်လို့ နှစ်ယောက်ထဲရှိနေတော့ ဟီး...ဟီး" ဆိုပြီး သျှန်တစ်‌ယောက် ပျော်နေတော့တာလေ။

ပိုင်လည်း သျှန်ပြုံးနေတာကို ကြည့်နေရင်း ကိုယ်နေမကောင်းဘူး ဆိုတာကိုတောင် မေ့သွားခဲ့တယ်လေ။

"လာဆန်ပြုတ်သောက်မယ်"ဆိုပြီး သျှန်က ကုတင်ဘေးနားလာတော့မှ ပိုင် သူ့ကိုကြည့်နေတဲ့ အကြည့်ကို ဖယ်ရှားလိုက်သည်။ ပြီးတော့ ဘေးမှာ လာထိုင်နေတဲ့ သျှန့်ကို ချောင်းကြည့်လိုက်တော့၏။

"ဘာတွေ ငေးနေမှန်းမသိဘူး……..လာ ဆန်ပြုတ်တိုက်မယ်" လို့ပြောကာ ပိုင်ရဲ့ ခေါင်းလေးကို သူ့လက်နဲ့ ပုတ်လိုက်တော့တယ်လေ။  ပိုင်လည်း မျက်စောင်းထိုးပြီး ကြည့်လိုက်တော့တာပေါ့။

"လာထပ်သောက်လိုက်အုန်း နှစ်ဇွန်းစာဘဲကျန်တော့တာကို"

"ဟာ...မသောက်ချင်တော့ဘူး အီလာပြီ"

"ဆန်ပြုတ်သောက်မှ အားရှိမှာပေါ့ "

"မသောက်လို့ရှိရင် ခေါ်မလည်တော့ဘူးနော်၊ သောက်လိုက်နော်
လိမ္မပါတယ်နော်...”

“ခေါ်မလည်လဲရတယ် ကိုယ့်ဘာသာသွားလည်မှာပေါ့”

“ဟာ တစ်ကယ်လား အဲ့တာဆို ပြန်လိုက်တော့မှာနော်”

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now