အခန်း(၂၂)

2K 125 3
                                    

#Unicode#

သော်ထူး‌ဝေ တစ်ယောက် စဉ်းစားမြဲ စဉ်းစားနေတော့သည်။ ထပ်ကာ ထပ်ကာ စဉ်းစားပြီး စဉ်းစား၍မရတာနဲ့ အိပ်ဖို့ ဆိုပြီး အောပ်ထပ်ကိုဆင်းကာ အခန်းကိုသာ လာခဲ့လေသည်။ အခန်းထဲ ရောက်တော့ ကလေးလေး တစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်နေတဲ့ ပိုင်ကို မြင်လိုက်တော့ သော့်ရင်ထဲ ငလျင်လှိုင်းကလေး အနည်းငယ် လှုပ်ခတ်သွားတော့သည်။

“အိပ်နေတာလေးက ချစ်စရာလေး” ဆိုပြီး ခုတင်ပေါ်သို့ တက်လိုက်ကာ ပိုင့်ဘေးနား လှဲလျောင်းလိုက်ပြီး ပိုင့်ရဲ့ နဖူးပြင်ကလေးကို ဖွဖွကလေး ခိုးနမ်းလိုက်ကာ “Good night” လို့ တီးတိုးရေရွတ်ပြီး အိပ်လိုက် လေသည်။

မနက်ရောက်တော့ နိုးစက်က ကျယ်လောင်စွာ ထမြည်လေသည်။ သော်ကလည်း "ဟာ ဘယ်ကမြည်နေတာလဲ မသိဘူးလား" ဆိုကာ
မပိတ်သေးဘဲ ဘေးဘက်သို့လှည့်လိုက်တော့ "ဟင်သူမရှိဘူးလား" ဆိုပြီး ထကြည့်လိုက်တော့ ပိုင်ရှိမနေဘူးလေ။

အဲ့တာနဲ့ ထထိုင်လိုက်ပြီး သီချင်းမြည်နေတဲ့ ဘက်ကို လှည့်ကြည့်တော့ ဖုန်း alarm ဖြစ်နေတော့သည်။ ဒါနဲ့ ပိတ်လိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားတော့သည်။

"သားရေ...ပိုင် သော်ထူးဝေကို သွားနိုးလိုက်အုန်းလေ… အမေ့သူငယ်ချင်းက မနက်စာစားပြီး ဈေးသွားလည်ချင်သေးလို့လဲ"

"ဟုတ်ကဲ့ အမေ” ဆိုပြီး သော်ထူးဝေကို နိုးဖို့ အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။

ပြီးတော့ ပိုင်က အဆောင်ကို တနင်္လာနေ့ခွင့်ယူမယ် ဆိုတဲ့အကြောင်း ဖုန်းဆက်ပြောရသေးတယ်လေ။ ခုလည်း သော်ထူးဝေကို သွားနိုးရမယ်တဲ့လေ။ သော်ထူးဝေကို နိုးဖို့ အခန်းထဲဝင်တော့ သူရှိမနေဘူးလေ။

"နိုးနေပြီဘဲ နိုးစရာမှမလိုတော့တာ"ဆိုပြီး စိတ်ကရေရွတ်ရင်း နောက်လှည့်လိုက်တော့ “ဟင်...သူဘာလို့ ငါ့နောက်ရောက်နေတာလဲ” တွေးလိုက်မိသည်။

ပြီးတော့ သူက အပေါ်ချွတ်ကြီးနဲ့ဆိုတော့ ပိုင်လည်း ရှက်ရှက်နဲ့ ဘာပြောလို့ ပြောရမှန်း မသိဖြစ်ကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Unde poveștirile trăiesc. Descoperă acum