အခန်း(၂၇)

1.7K 105 2
                                    

#Unicode#

“တစ်ခါတစ်လေတော့လည်း ချစ်ကြိုက်နေပေမဲ့ တစ်ခြား တစ်ယောက် ပြောင်းသွားနိုင်သလို၊ ဒီတစ်ယောက်ထဲဘဲ ချစ်နေတာလဲ ဖြစ်နိုင်တယ်လေ”

“ခန့်လိုက်တာ ဘယ်လိုလုပ်ပြီး ခန့်ချော ချောနေလဲမသိဘူး...Uniform ဝတ်ထားပေမယ့် အင်္ကျီလက်ကို ခေါက်ထားသောကြောင့် သွေးကြော စိမ်းစိမ်းလေးက အထင်းသားနဲ့ ကြည့်လို့ကောင်းလိုက်တာ” ဆိုပြီး ပိုင် တွေးနေလေသည်။

ပြည့်ဖြိုးသျှန်မှာလည်း ပိုင်ကို ကြည့်ကာ  တွေးနေတော့သည်။
“ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတဲ့ ကို့ဝက်ပေါက်ကလေး…… အညိုစင်လေးဆိုတော့ uniform နဲ့ သိပ်လိုက်ဖက်လွန်းတယ်….. ရယ်လိုက်ရင် ပါးချိုင့်လေးကလည်း ပေါ်လာတာဆိုတော့ အလိုလို ချစ်ဖို့ ကောင်းနေတဲ့ ဝက်ပေါက်ခလေး။

ကျောင်းရဲ့ ဒုတိယနှစ်ဝက်ကို နှစ်ယောက် အတူတူ စခဲ့ကြတာပေါ့လေ။ ဒီလိုနဲ့ ကျောင်းကို အတူတူ သွားခဲ့ကြတာပေါ့။ ဆိုင်ကယ်မောင်းနေရာကနေ သျှန်က “ပိုင်လေး” လို့ ခေါ်နေတော့သည်။ ဒါနဲ့ ပိုင်လည်း ပြန်ဖြေလိုက်တာပေါ့။

"အင်း"

"ချမ်းလို့ရှိရင် ကို့ကိုဖက်ထားလေ"

မိုးရာသီ အစဖြစ်တာကြောင့် မိုးအုံ့နေလို့ မေးတာ ဖြစ်လေသည်။

"အွန်း" လို့တာ ပြောလိုက်ပေမယ့် လက်ကတော့ မရဲဘူးလေ။။အဲ့တာနဲ့ သူက ပိုင့်လက်ကို ဆွဲယူပြီး သူ့ခါးပေါ် တင်ပေး‌ နေတယ်လေ။ ပိုင်လည်းရှက်တာနဲ့  တစ်လှမ်းလုံး ဘာမှမပြောခဲ့ဘူး။ ဒီလိုနဲ့ ပိုင်တို့နှစ်ယောက် ကျောင်းကို ပျော်ပျော်ကြီး သွားခဲ့ကြလေသည်။

ကျောင်းရောက်တော့ ပိုင်တို့ အဖြစ်ကို မသိစေချင်တာနဲ့ ကျောင်းရောက်ရင်တော့ ညီကိုရင်းချာလိုနေကြတာပေါ့လေ။ တစ်ချို့ fujoushiမမတွေက သိတော့ ပိုင်တို့ကို ship ဖို့ ထင်တယ် လိုက်ကြည့်နေကြတော့တာ။

ပိုင်တို့လည်း ခက်သွက်သွက်လေး ကိုယ့်အခန်းကို သွားလိုက်ကြသည်။ မဟုတ်ရင် နှာခေါင်းသွေးလျှံပြီး သွေးအိုင်နေမှာ စိုးလို့ဘဲလေ။

ခုမှ တွေ့တာဆိုပေမဲ့ မေဂျာမတူတော့ အခန်းခွဲရတော့မယ်လေ။ ပိုင်လည်း ပိုင့်အခန်းထဲဝင် သူလည်းသူ့အခန်းထဲဝင်ကြရပြီလေ။
အခန်းထဲဝင်တော့ ပိုင် တစ်ချက် ကြည့်လိုက်သည်။ အွမ်ယိင်းကလည်း သူ့သူငယ်ချင်းနဲ့ ထိုင်နေတာလေ။ ပြီးတော့ သော်ထူးဝေက တစ်ယောက်ထဲဆိုတော့ ပိုင် သူ့နား သွားထိုင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ သူ့နား သွားပြီးတော့ ချောင်းဟန့်သလို လုပ်ပြီး မေးလိုက်တော့သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now