အခန်း(၁၆)

2.7K 157 4
                                    

#Unicode#

မနေ့တုန်းက ပိုင် တော်တော်လေး ထိတ်လန့်သွားခဲ့ရသည်။ အဲ့စကားကို ပြည့်ဖြိုးသျှန်ကပြောတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ့်crushက ကိုယ့်ကို စိတ်ဝင်စား နေပြီလို့ ပြောတာ ပျော်တာပေါ့။ ဒါပေမဲ့ အဲ့စကားကို သော်ထူးဝေပါ ပြောတာဆိုတော့ ပိုင်နဲနဲ စနိုးစနှောင့်ဖြစ်မိသွားသည်။

မနက်ရောက်တော့ ပိုင်ကျောင်းကို အစောကြီး ရောက်နေခဲ့သည်။ Chemistry ဆရာမက practicalလုပ်ဖို့ ထပ်ခေါ်ထားလို့ဘဲလေ။ စာပေးပွဲက နောက်တစ်ပတ်ဆို ဖြေပြီလေ။ ဒါပေမယ့် စာသင် မပြီးတော့လည်း လာရတာပေါ့။

အွမ်က မနက်စာမစားခဲ့လို့ ဆိုပြီး ပိုင့်ကို တစ်ယောက်ထဲ ထားခဲ့ပြီး ကန်တင်းကို သွားတော့သည်။ ပိုင်ကတော့ အခန်းထဲကိုဘဲ သွားလိုက်တာပေါ့။ အခန်းထဲ သွားတော့ ဘယ်သူမှ မရှိဘူးလေ။ ပိုင် ၀င်သွားလိုက်ပြီး ကိုယ့်နေရာမှာ ထိုင်လိုက်တော့သည်။ ခဏနေတော့ သော်ထူးဝေ အခန်းထဲ ၀င်လာတာကို တွေ့လိုက်ရသည်။ ပိုင် နေရတာ တစ်မျိုးကြီးဘဲလေ။ နှစ်ယောက်ထဲ ဆိုတော့လေ။

“ဟင်…အခန်းထဲမှာ ပိုင် တစ်ယောက်ထဲဘဲ…..ငါ သူ့ကို စကားသွားပြောလို့ ဖြစ်ပါ့မလား။ မနေ့တုန်းကလို ထပ်ထွက်သွားအုန်းမလား။ မသိဘူး ဘာဘဲဖြစ်ဖြစ် ငါသူ့ကို တောင်းပန်ရမယ်” ဆိုပြီး သော်ထူးဝေ ပိုင့်နား သွားလိုက်တော့သည်။

သော်ထူးဝေ ပိုင့်‌ နောက်နားက ခုံမှာ ၀င်ထိုင်လိုက်သည်။
ဒါပေမယ့်လည်း စကားမပြောဖြစ်သေးချေ။

"အမ်.......သော်"

"ဟိုလေ ပိုင်”

နှစ်ယောက်စလုံး ပြိုင်တူခေါ်လိုက်ကြပြီး အခန်းထဲ ခဏမျှ တိတ်ဆိတ်သွားလေ၏။

ပြီးကာမှ "မနေ့တုန်းက" ဆိုပြီး နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြသည်။ ထပ်တိတ်ဆိတ် သွားပြန်သည်။

နောက်တော့ ပိုင်က "သော်ထူးဝေ အရင်ပြောလိုက်ပါ။ ပိုင်က သော်ထူးဝေပြောပြီးမှ ပြောတော့မယ်” ဆိုကာ သော်ထူးဝေဖက် မလှည့်ဘဲ ပြောလိုက်သည်။ သော်ထူးဝေမှာတော့ ပိုင့်ကို ကြည့်နေလေသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now