အခန်း(၃၇)

1.5K 105 1
                                    

#Unicode#

ပိုင် သျှန့်ကို ကျောင်းဆယ်နှစ်ပြည့်တုန်းက‌ တွေ့ခဲ့တဲ့ မိန်းကလေးနဲ့ အတူတူ လက်ချင်းတွဲပြီး လာ‌နေတာကို တွေ့လိုက်ရသည်။ကြည့်ရတာ သူတို့နှစ်ယောက် ပျော်နေတဲ့ပုံဘဲလေ။

ပိုင်လည်း ဒီအတိုင်း စကားပြော‌နေကြတာလို့ ထင်ပြီး ဒီအတိုင်း နေနေလိုက်တာပေါ့။ labချိန်ရောက်တော့ ပိုင် lab လုပ်တဲ့ အခန်းကို ဝင်မလို့လုပ်တုန်း သျှန့်အဆောင်မှာနေတဲ့ ပိုင့်တို့ အခန်းထဲက ယောကျာ်းလေးတွေ စကားပြောနေကြတာကို တီးတိုး ကြားလိုက်ရတော့သည်။

"ဟျောင့် EP king ကြီးက Ep queen နဲ့တဲ့"

"ဟုတ်လို့လား"

"ငါတောင် ခုမှ သိလိုက်တာ အဲ့kingဆိုတဲ့ ကောင်က ဘယ်ချိန် ချောင်းနေမှန်းမှ မသိတာ"

ပိုင် သူတို့ပြောနေတဲ့ စကားကို အထင်းသား ကြားလိုက်ရသည်။ ပိုင်လည်း ဘာမှ မဖြစ်သလို အခန်းထဲ ဝင်ထိုင်လိုက်ပြီး ဘေးဘီကိုလှည့်ကာ သော်ထူးဝေကို ရှာလိုက်တော့သည်။ သော်ထူးဝေက နဒီထက်နိုင်နားမှာ ထိုင်ပြီး ပြုံးရယ်နေတော့တာလေ။ ပိုင့်ဘေးနားကို လာတဲ့သူက အွမ်ဘဲ ရှိတော့တာပေါ့။

“ပိုင် မယုံကြည်သေးဘူး။ သျှန် ကိုယ်တိုင်ကနေ သူနဲ့က ချစ်သူပါလို့ ပြောမှသာ ပိုင် ယုံကြည်နိုင်မယ်လို့ ထင်တယ်” လို့ တွေးနေတုန်းမှာဘဲ ဖုန်းက ရုတ်တရက် လာတော့သည်။

ပိုင်လည်း  ဖုန်းကို ယူကြည့်လိုက်တော့ တစ်ခါမှ မမှတ်ထားတဲ့ နံပါတ်အစိမ်းကြီး ဖြစ်နေလေသည်။ ဒါနဲ့ ပိုင်လည်း ဖုန်းပြန်ဖြေလိုက်တာပေါ့။

"ဟယ်လို ဘယ်သူလဲ မသိဘူးနော်”

"ဟယ်လို"

တစ်ဖက်က အသံကြားတာနဲ့ သျှန့် အသံမှန်း ပိုင် ချက်ချင်း သိလိုက်သည်။

"သျှန် ....သျှန်…..သျှန် ဟုတ်ပါတယ်နော်”

"ဟောခန်းနောက်ကို လာခဲ့ တွေ့ကြမယ်" လို့ သျှန် ပြောပြီးတော့ ဖုန်းချသွားတော့သည်။ သျှန့်အသံက အရင်ကထက် အေးတိအေးစက် ဖြစ်နေလေသည်။

ပိုင် ဖုန်းပြောတာကို စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ အွမ်က‌ မှေးငေါ့ပြတော့ "ဘာမှမဟုတ်ဘူး"လို့သာ ဖြေရင်း ပိုင် အခန်းထဲက ထွက်လာလိုက်တော့တာပေါ့။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now