အခန်း(၁၀)

3.4K 214 10
                                    

#Unicode#

မနေ့တုန်းက သျှန်က “good night” ဆိုပြီး ဖုန်းနံပါတ် ပါပို့လာတော့တာ။ ပြီးတော့ သူကလည်း ပိုင့်ဖုန်းနံပါတ်ကို ပြန်တောင်းတော့ ပြန်ပေးလိုက်ရတယ်လေ။ ပြီးတော့ "အိပ်တော့" ဆိုပြီးလည်း အတင်းကို အိပ်ခိုင်းနေတော့တာဘဲလေ။

မနက်ရောက်တော့ သူ ဖုန်းဆက်လာတာလေ။ ပိုင် ချက်ချင်း မသိလိုက်ဘူး။ သူ့ဖုန်းနံပါတ် မှန်းမသိဘဲ ကိုင်ပြီး "ဟယ်လို ဘယ်သူပါလဲခင်ဗျ"ဆိုပြီး ပြောလိုက်မိတော့သည်။

တစ်ဖက်က" ပြည့်ဖြိုးသျှန်လေ မမှတ်ထားဘူးလား" ဆိုပြီးတော့ ပြောလာမှသာ ပိုင် လန့်သွားတော့တာပေါ့။

ပြီးတော့ "ဆယ်နာရီနော် ပန်းခြံကိုလာခဲ့နော်၊ ခဏနေတွေ့မယ်" ပြောပြီး ဖုန်းချသွားတော့လေသည်။

ပိုင်ပျော်ပြီလေ။ သျှန်နဲ့ ဒိတ်ရမှာဆိုတော့။ ပိုင် ပန်းခြံကို အစောကြီးသွားဖို့ တွေးမိလိုက်တော့သည်။ ပိုင်တစ်ယောက် မနက် ရှစ်နာရီကတည်းက မျက်နှာ သစ်ပြီး အင်္ကျီတွေ တစ်ထည်ပြီး တစ်ထည်ရွေးနေတာ အခုထိ အင်္ကျီကို မဝတ်နိုင်သေးဘူးလေ။ နောက်ဆုံးတော့ ဝတ်ရမယ့် အင်္ကျီလေးကို တွေ့သွားပြီ‌လေ။ ဒါနဲ့ ပိုင်လည်း မြန်မြန်ဝတ်ပြီး အကိုဖြစ်သူကို သွားနိုးပြီး လိုက်ပို့ခိုင်းရလိုက်ရသည်။

“ငါလည်း ဘာဝတ်သွားရမလဲ………အရမ်းပြင်နေရင် ပိုများ ပိုသွားမလား။ ရိုးရိုးလေးဘဲ ကောင်းပါတယ်” ဆိုပြီး ပြည့်ဖြိုးသျှန် အ၀တ်အစားများကို ခုတင်ပေါ်တင်ထားကာ စဉ်းစားခန်း ဖွင့်နေတော့သည်။

~~~~~
“ငါဘာဖြစ်လို့ ခေါ်မိလိုက်မှန်းကို မသိတော့ဘူး” ဟု ဆိုကာ ပြည့်ဖြိုးသျှန် တစ်ယောက် ကိုယ့်ဘာသာ တီးတိုး ပြောနေလေသည်။ စိတ်ထဲမှာပျော် သလိုလိုနဲ့ ပြီးတော့ ကြောက်နေမိသည်မှာ အမှန်ပင်။ ပထမဆုံး ယောကျာ်းလေးချင်း ‌ချိန်းတွေ့ကြတာ မဟုတ်ပါလား။ ဒါကြောင့် ဆယ်နာရီ ချိန်းထားပေမယ့်လည်း စောစောလေး ထွက်လာခဲ့လိုက်သည်။
~~~~~

ချိန်းထားတဲ့ နေရာကို သျှန်ရောက်သွားတော့ ပိုင်ကို တွေ့လိုက်ရလေသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now