အခန်း(၁၇)

2.3K 150 3
                                    

#Unicode#

ပိုင်နဲ့ သော်ထူးဝေတို့ ဆိုင်ကယ်ဘီးပေါက်ပြီး သိန္နီမှာဘဲ ကျန်နေခဲ့တော့၏။ ဆိုင်ကယ်ကို ဆိုင်ကယ်ပြင်ဆိုင်မှာ ထားခဲ့ပြီး သော်ထူးဝေက သူငယ်ငယ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းကို လာခေါ်ခိုင်း‌တော့သည်။ သူ့သူငယ်ချင်း အိမ်ရောက်တော့ ပိုင်နဲ့သော်က တစ်ခန်းထဲ နေရတာပေါ့။ ဒါနဲ့ ပိုင်လည်း အရင်ဦးဆုံး ဖုန်းကိုအားသွင်းလိုက်တော့သည်။

ဖုန်းကို အားသွင်းပြီး ရေမိုးချိုးပြီး သူ့သူငယ်ချင်းအင်္ကျီကို ယူဝတ် ထားရလေသည်။ ပိုင်တို့ အဝတ်တွေကိုကျ လှမ်းထားလိုက်တော့သည်။ ပိုင်တို့ သော့်သူငယ်ချင်း အိမ်မှာဘဲ ညနေစာ စားလိုက်ကြသည်။ ထမင်းစားပြီး အခန်းထဲ သွားပြီး ဖုန်းကို ယူကြည့်လိုက်တော့ ဖုန်းနံပါတ် အစိမ်းကြီး ဖြစ်နေတာ‌လေ။ ဒါနဲ့ဘဲ ပြန်မခေါ်လိုက်မိဘူး။

အိမ်ကိုလည်း အွမ်ကို ကြည့်ပြောခိုင်းထားလိုက်သည်။ ခုလောက်ဆို ပြောပြီးလောက်ပြီ ထင်တယ်လေ။ ပိုင်လည်း အရမ်း ပင်ပန်းတာနဲ့ ခဏလေး မှေးမယ်ဆိုပြီး ခုတင်ပေါ် လှဲနေလိုက်တာ အိပ်‌ပျော်သွားတော့သည်။

"ဟျောင့် မင်းနဲ့ ပါတဲ့တစ်ယောက်ကဘယ်သူလဲ ချစ်စရာလေး မိန်းကလေးနဲ့ တူလိုက်တာ၊ ဟျောင့်.....ဟျောင့် ငါ ပြောနေတာ မကြာဘူးလား"

သော်ထူးဝေ တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ပြောစကားကိုပင် မကြားနိုင်တော့ဘဲ ပိုင်နဲ့ တစ်ခန်းထဲရှိနေမယ့် အချိန်ကိုဘဲ စဉ်းစားနေပြီး ပူပန်နေလေသည်။

"ဟျောင့်..." ဆိုပြီး အကျယ်ကြီး အော်‌ခေါ်လိုက်တော့မှသာ သော်ထူးဝေ ကြောင်တောင်တောင်လေးဖြင့် ပြန်ဖြေလေသည်။

"ဟင်...ဟင် ...ဘာပြောလိုက်တာလဲ ဟျောင့်"

"သူက ချစ်စရာလေးလို့ ပြောတာ……သူက မင်းတို့ အခန်းကဘဲလား၊ ငါ့လည်းမိတ်ဆက်ပေးအုန်း"

"ဘာလုပ်မှာလဲ ဟျောင့်……..သိတော့လဲ ဘာမှ လုပ်မှာမဟုတ်ဘဲနဲ့ ဘာတွေ လာပြောနေတာလဲ အရေမရ အဖတ်မရတွေ ငါသွားပြီ…….အိပ်တော့မယ်" ဆိုပြီး သော်ထူးဝေ ပြောကာ အခန်းထဲ၀င်သွားဖို့ ထလိုက်တော့သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now