အခန်း(၄)

5.4K 286 3
                                    

#Unicode#

"ဟင်....ဟိုလူမိုက်ကောင် အကောင့်ကြီးလား" ဆိုပြီး ပိုင်‌ဇေထွဋ် တစ်ယောက် လက်မခံဘဲ remove လုပ်လိုက်တော့၏။

ပြီးတော့ ပြည့်ဖြိုးသျှန် အကောင့် သိချင်တာကြောင့် ကျော်ကြီးအကောင့်ထဲ ဝင်ရှာကြည့်တော့သည်။ အကောင့် တွေ့သွားတယ် ထင်ပါရဲ့ ပိုင်တစ်‌ယောက် ပြုံးနေ‌လေ၏။ ဘာကြောင့်မှန်းမသိ ပြုံးမိတာ‌ကြောင့် ကိုယ့်ကိုယ်ကို အံ့ဩနေလေသည်။

"အပ်ရမလား၊ မအပ်ရဘူးလား" ဆိုပြီး စိတ်ကတွေးနေပေမယ့် လက်ချောင်း ကလေးတွေကတော့ Addဆိုတဲ့ အရာကို နှိပ်လိုက်ပြီလေ။ နှိပ်ပြီး မကြာပါဘူး ပိုင် ရှက်လို့ဆိုကာ လိုင်းပိတ်ပြီး ပြန်အိပ်လိုက်တော့သည်။

ဖုန်းကို လိုင်းဖွင့်ထားပြီး ပြည့်ဖြိုးသျှန် တစ်ယောက် စာအုပ်ဖတ်လို့ နေလေသည်။ တိန်ဆိုတဲ့ အသံကြားတော့ စားပွဲပေါ်ထင်ထားတဲ့ ဖုန်းလေးကို လှမ်းယူ ကြည့်လိုက်သည်။ Facebookက notiတက်လာတာကြောင့် ပြည့်ဖြိုးသျှန် ဒီအတိုင်း ကြည့်လိုက်လေသည်။

"ဟင် ပိုင်ဇေထွဋ်”

ဟိုတစ်ယောက် လာအပ်ထားတာပါလား ဆိုပြီး လက်မခံသေးဘဲ အကောင့်ထဲ နဲနဲ ၀င်ကြည့်လိုက်သည်။ အစားပို့စ်တွေသာ အများဆုံးရှယ်ထားတာ ဖြစ်သည်။ ပြီးတော့ ကြောင်ကလေး ပုံတွေလည်း ရှယ်ထား‌သေးသည်။ သူ့ပုံကတော့ အားလုံးပေါင်းမှ လေးငါးပုံဘဲ တင်ထားတာလေ။

ပြည့်ဖြိုးသျှန် တစ်ယောက် "လက်ခံလိုက်ရမလား မလက်ခံဘဲ ထားလိုက်ရမလား" တွေးနေတုန်း ကျော်သုတ သူငယ်ချင်းဘဲဆိုကာ လက်ခံလိုက်တော့၏။ ပြီးတော့ လိုင်းပိတ်လိုက်ပြီး နာရီ ကြည့်လိုက်တော့ ဆယ့်တစ်နာရီရှိနေပြီဆိုကာ စာအုပ်ကို စားပွဲပေါ် တင်လိုက်ရင်း  အိပ်ရာ ၀င်လိုက်‌တော့သည်။

မနက်ရောက်တော့ ပိုင် အိပ်ယာက ထထချင်း အိပ်ချင်မူးတူးနဲ့ ဖုန်းကို ကောက်ကိုင်လိုက်သည်။ လက်များ လက်ခံလိုက်ပြီးလား ဆိုပြီးတော့ သိချင်တာကြောင့် လိုင်းကို အရင်ဆုံး ဖွင့်လိုက်တော့သည်။ လိုင်းဖွင့်ဖွင့်ချင်း "တိန်" ဆိုတဲ့ အသံလေး ထွက်ပေါ်လာ‌လေသည်။ပိုင်မျက်လုံးလေးကို ပွတ်လိုက်ပြီး ဖုန်းကိုကြည့်တော့ Accept ဆိုတဲ့ စာတန်းကို မြင်လိုက်ရတော့သည်။  ပိုင်တစ်ယောက် ခဏ ပြုံးလိုက်ပြီးမှ ဖုန်းကိုချကာ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ သွားလေတော့သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now