အခန်း(၃၂)

1.6K 102 1
                                    

#Unicode#

နှင်းစုစုလှိုင် တစ်ယောက် ကျောင်းဆယ်နှစ်ပြည့်အတွက် ကူလုပ်စရာလေး ရှိတယ် ဆိုကာ ဟောခန်းသို့ထွက်လာခြင်းဖြစ်သည်။  ဒါပေမဲ့ ဟောခန်းထဲရောက်တော့ ဖုန်းပြောစရာရှိလို့ ဆိုပြီး သူငယ်ချင်းကို အရင်သွားခိုင်းကာ ဟောခန်းနောက်သို့ လာခဲ့လိုက်သည်။

ဟောခန်းနောက်ရောက်တော့ လူနှစ်ယောက်၊ ပြောရရင်တော့ ယောက်ျားလေးနှစ်ယောက် ဘာလုပ်နေကြမှန်းမသိဘူး။ အစကတော့ လှိုင်လည်း စိတ်မဝင်စား။

ဒါပေမဲ့ ဖုန်းပြောမလို့လုပ်တုန်း တစ်ဖက်က"သျှန်"လို့ပြောလာတဲ့ အသံကြောင့် လှိုင် သိချင်သွားတယ်လေ။ ဒါနဲ့ဘဲ ဘေးနားကနေကွယ်ပြီး ကြည့်လိုက်တော့

"မဖြစ်နိုင်ဘူး.......ဒါလုံးဝမဖြစ်နိုင်ဘူး" ဆိုပြီး စိတ်ထဲကနေတာ ပြောနေလေသည်။

လှိုင် သူတို့ပြောနေတာကိုလည်း အကုန်ကြားရသည်။ သူတို့ပြောနေတဲ့ စကားတွေက လှိုင့်ကို ဒေါသထွက်စေသည်။ ဒါနဲ့ဘဲ သူတို့ ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ အတွေးနဲ့ အဆုံးထိကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။

ဒါပေမဲ့ အဆုံးမှာသူတို့လုပ်ရပ်တွေကြောင် လှိုင့်ဒေါသ အထွတ်အထိပ်သို့ ရောက်သွားရလေသည်။ အဲ့တာကြောင့် လှိုင် ဓာတ်ပုံရိုက်လိုက်ဖို့ အကြံရသွားတော့သည်။

ထိုအဖြစ်အပျက်ကို မြင်သွားသော လှိုင်တစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်လျက် ဒေါသတွေထွက်နေလေသည်။

"ဒင်းတို့တွေကို သူငယ်ချင်းလို့ ထင်ထားတာ ငါမှားသွာတာပေါ့လေ…..ငါ့အကြောင်း သိစေရမယ်" ဆိုပြီး မဲ့ပြုံးပြုံးကာ ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်ပြီး ထိုနေရာကနေ ထွက်သွားတော့သည်။

နမ်းနေရာကနေ ပိုင် သျှန့်ကို တွန်းထုတ်လိုက်မိသည်။

"သျှန်နော် အရမ်းအသားယူတာဘဲ"

"ဟင် ကိုယ့်ချစ်သူဘဲဟာ ဘာဖြစ်တုန်း"

"မသိဘူး လူဆိုးကြီး ရှက်တယ်" ဆိုပြီး ပိုင် လက်သီးကလေးနဲ့  သျှန့်ကို သာသာလေး ထုနေတော့သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Donde viven las historias. Descúbrelo ahora