အခန်း(၃၀)

1.9K 100 2
                                    

#Unicode#

လှိုင်တို့မိသားစုက ကျွန်တော်တို့မိသားစုနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေလေ။ အဲ့တာကြောင့် မိဘတွေ အချင်းချင်းက နေရာချပေးနေချင်ကြတာ။ ခုလည်း လှိုင်ကို ကျွန်တော်က အဖက်မလုပ်တာတောင် ကျွန်တော့်နောက်လိုက်နေတယ်လေ။

လှိုင်က ဆယ်တန်းအောင်တော့ ကျွန်တော့်ထက် အမှတ်များတယ်လေ။ အမှတ်ကောင်းတာကို မန္တလေးတို့ ရန်ကုန်ကျောင်းတွေ မလျှောက်ဘဲ လားရှိုးကျောင်းကို လျောက်တယ်လေ။ လျှောက်တော့လည်း ကျွန်တော်တက်နေတဲ့ TUကို သူ့အမှတ်နဲ့ Civil မေဂျာကို မှီရဲ့သားနဲ့ မယူဘဲEP ကိုလာတက်တယ်လေ။

ခုလည်း သူကqueen လေ၊ ပြီးတော့ တစ်ခြား ကျောင်းက တစ်ယောက်နဲ့ တွဲနေတာလေ။ ကျွန်တော်ကတော့ သူ့ကို ရှိတယ်လို့တောင် မထင်ပါဘူး။

ပြည့်ဖြိုးသျှန် ဖုန်းပြောပြီးတော့ အခန်းထဲသို့ ပြန်၀င်သွားတော့သည်။

"ဟဲ့ ....ဟဲ့.......လှိုင်….ဟိုမှာ နင့်လူမလား"

"ဟုတ်တယ်" လို့ နှင်းစုစုလှိုင် သွေးအေးစွာဖြင့် သူ့သူငယ်ချင်းကို ပြန်ပြောလိုက်သည်။

"နင်တို့ကလည်းလေ…မိဘက နေရာချပေးနေချင်တာကို နင်တို့က နီးနီးကပ်ကပ်ကိုမရှိကြဘူး"

"ငါလည်းအဆင်သင့်မဖြစ်သေးဘူး ပြီးတော့ သူလာတာကို ငါက
စောင့်နေတာ"

"ဘယ်......ဘယ်လို.....နင်ကစောင့်နေတာဟုတ်လား"

"အေ ခုတစ်လော သူကောင်လေးတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်နေတယ်လို့ ပြောတာဘဲ"

"ဟာခုခေတ်က အဲ့လိုတွေများတယ်လေ"လို့ပြောလိုက်တော့ လှိုင်က သူ့သူငယ်ချင်းကို ကြည့်လျက်

"သူငယ်ချင်းနေမှာပါ။ ပြီးတော့လဲ သူငါ့ဘဝထဲ မရောက်မချင်း စောင့်နေမှာ မနေ့ကသူ့အမေ ငါ့ဆီဖုန်းဆက်တယ်လေ..... "အဆင်ပြေလားတဲ့"ဆိုပြီး မေးတယ်‌လေ” ဟု လှိုင် ရယ်ကာ ပြောနေလေသည်။ ရယ်လိုက်ရင် ပါးချိုင့်လေးက ပေါ်တစ်ချက် မပေါ်တစ်ချက်ဖြစ်နေသည်။

"အဲ့တော့နင်ဘာပြန်ပြောလိုက်လဲ" လို့ လှိုင့်သူငယ်ချင်း‌တွေက သိချင်စောနဲ့ မေးလိုက်ကြသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now