အခန်း(၂၉)

1.6K 95 2
                                    

#Unicode#

"ဟင်....accident........ဟုတ်....ဟုတ်.....သားခုလာခဲ့မယ်နော်" ဆိုပြီး ပိုင် တစ်ယောက် ကမန်းကတန်းနဲ့ ဖုန်းချလိုက်သည်။

ဆိုင်ကယ် စက်နိုးထားတာကို သော့ပိတ်လိုက်ပြီး အိမ်ထဲဝင်ကာ အဒေါ် ဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး ဆေးရုံသို့ ထွက်ခဲ့လိုက်သည်။

ဆေးရုံရောက်တော့ ကောင်တာက nurse ကို ပိုင် မေးလိုက်တော့သည်။

"ဟိုလေ ဆိုင်ကယ်accident ဖြစ်တဲ့လူနာပါ"

"ဟုတ် လူနာ နာမည်လေး တစ်ချက် ပြောပေးပါရှင်"

"သော် ..သော်ထူးဝေပါ"

"အော်...ဟုတ်ကဲ့.....အရိုးဆောင်က အခန်းနံပါတ် ၂၅မှာပါ"

"ဟုတ်...ဟုတ်ကဲ့...ကျေးဇူးပါ"

ပိုင် စိတ်ပူမိသည်။ သနားလည်း သနားမိသည်။ ပိုင် သူ့ကို ငြင်းလိုက်တာတော့ အမှန်ဘဲလေ။ ဒါပေမဲ့ သူ့ကို သူငယ်ချင်းတစ်ယောက်လို ညီအကိုလို စိတ်ပူမိတာတော့ စိတ်ရင်း အမှန် ဖြစ်လေသည်။

ပိုင်လျှောက်လာပြီး nurse ပြောတဲ့ အရိုးဆောင်က အခန်း၂၅ကို ရောက်တော့ တံခါးဆွဲဖွင့်လိုက်သည်။

"ဟင်..အခန်းထဲမှာ စောင့်မယ့်သူ ဘယ်သူမှမရှိပါလား" လို့ တွေးလိုက်ပြီး ပိုင် ကောင်တာကို ပြန်လာလိုက်သည်။ ပြီးတော့ nurseကို သေသေချာချာ ပြန်မေး‌လိုက်လေသည်။

"ဆရာမ ဒီလူနာက ဘယ်လိုရောက်လာတာလဲ ဟင်"

"အော်ဟုတ်ကဲ့ ဒီက လူနာက ဆိုင်ကယ်accident ဖြစ်တဲ့နေရာမှာ ရှိတဲ့ လူကြီးတွေက ခေါ်လာပေးလို့ ရောက်လာတာပါ.... တစ်ဖက်က ဒီလူနာနဲ့ တိုက်တယ့် လူလည်း ဒီဆေးရုံမှာပါဘဲ"

"ဟုတ်ကဲ့.....ခုလိုပြောပေးလို့ ကျေးဇူးပါဘဲ"

ဒါနဲ့ဘဲ ပိုင် အခန်းကို ပြန်လာလိုက်ပြီး သော်ထူးဝေ အမေဆီ ဖုန်းပြန်ဆက်လိုက်တော့သည်။

"ဟယ်လို အန်တီ...ဘယ်လိုဖြစ်တာလဲ"

"အန်တီလည်း သားကို ပြောမလို့ပါဘဲ သားက ဖုန်းချသွားတော့လေ။ အန်တီက ကျောင်းကိစ္စနဲ့ အဝေးရောက်နေတာ။ ဆေးရုံက ဖုန်းဆက်အကြောင်းကြားလို့ သူ့အဖေကိုပြောပြီးပါပြီ။ ရုံးဆင်းရင် လာမယ်လို့‌တော့ ပြောတယ်လေ။ လောလောဆယ် သားကဘဲ

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now