အခန်း(၇)

3.8K 245 7
                                    

#Unicode#

ပိုင်လည်း သူဘာများ ထပ်ပို့လာမလဲ စောင့်နေရင်းမှာဘဲ "တိန်..........."ဆိုပြီး မြည်လာလေတော့သည်။ ဒါကြောင့် ပိုင်လည်း မြန်မြန်ကြည့်လိုက်ရတာပေါ့။

"မဟုတ်ဘူးလား" တဲ့လေ။

ပိုင်crushနေတာ သူသိ‌တော့ ပျော်တာပေါ့။ ဒါပေမယ့်လည်း ဘယ်လိုလုပ်ပြီး သူများတွေက သိသွားရတာလဲ။ ပိုင်မcrushတာမဟုတ်ဘူး crushတယ်၊ သူတို့welcomeမှာ ပိုင်သူ့ကိုတွေ့ပြီးတော့ crushသွားတာဘဲ။ ဒါပေမဲ့လည်း သူ့ဘက်က ဘာမှမဟုတ်ရင်တော့ ပိုင့်အတွက် ၀မ်းနည်းရတာပေါ့လေ။

ဒါကြောင့် "မဟုတ်ဘူး "လို့ဘဲ ပိုင် ပြန်ပို့လိုက်တော့သည်။

ပိုင် ထိုစာလေးကို ပို့လိုက်ပြီး‌တော့ သူဖက်ကနေ ပိုင့်ကို စကား ထပ်လာမပြောတော့မှာကို စိုးရိမ်နေမိသည်။ မကြာပါဘူး ချက်ချင်းဘဲ သူ့ဆီကနေ စာပြန်ပို့လာတော့သည်။

"အဲ့ဆို nicknameတွေကဘယ်သူချိန်းတာလဲ"တဲ့လေ။

ပိုင်လည်း နဲနဲတော့ စိတ်တိုသွားတာပေါ့။ ဘာလို့ဆို သူပို့လာတဲ့

စာသားက သူအရင်ကမချိန်းဖူးတဲ့ အဓိပ္ပာယ်ပေါက်နေလို့လေ။

ဒါ‌ကြောင့် ပိုင်လည်း စိတ်တိုတိုနဲ့ စာပြန်ပို့လိုက်သည်။

"ပြည့်ဖြိုးသျှန်ဘဲ အရင်ချိန်းတာမဟုတ်ဘူးလား"

"အဲ့တာက သူငယ်ချင်းချိန်းလိုက်တာ"

ထိုစာသားကို ပိုင် မြင်လိုက်ရတော့ အရမ်း စိတ်ဆိုးသွားရသည်။ ပြောချင်တာက သူကိုယ်တိုင် မလုပ်ဘူးပေါ့လေ။ ပိုင် မခံစားနိုင်တော့တဲ့အဆုံး angry emojiလေးတွေ အများကြီး ပို့ပေးလိုက်တော့သည်။ ခဏလောက် ကြာပြီးတော့မှ စာပြန်ပို့လာသည်။ ဒါနဲ့ဘဲ ပိုင်လည်း ကြည့်လိုက်တာပေါ့။

" sad emoji လေးနဲ့ စိတ်ဆိုးသွားတာလား"တဲ့။ ပြီးတော့

"မခွက်ရင် nickname ပြန်ချိန်း" ဆိုတဲ့ စာကိုပါ တစ်ဆက်ထဲ ပို့လာလေသည်။

စာကို မြင်ပြီးတော့ ပိုင် ဘာထပ်ပို့ရမလဲမသိတော့။ "ခုက သူကိုယ်တိုင် စာပို့နေတာလား၊ ဒါမှမဟုတ် သူ့သူငယ်ချင်းများလားပေါ့" ဆိုတဲ့ အတွေးက ခေါင်းထဲ ပေါ်လာလို့ဘဲလေ။ ဘာကြောင့်ဆို သူ စာတွေ ပို့လာတာက တစ်ခုနဲ့တစ်ခု။အချိတ်အဆက် ရှိမနေလို့ဘဲလေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now