#Unicode#
ပိုင် နောက်ကို လဲကျတော့မလို ဖြစ်သွားတော့ တစ်ယောက်ယောက်က ဖမ်းလိုက်တာ ခံလိုက်ရတယ်လေ။ ထိုအချိန် ခဏလေးမှာ ပိုင်ရဲ့ နှလုံးခုန်သံတွေဟာ အပြင်ထိကြားနေရအောင် နှလုံးခုန်နှုန်း မြန်နေလေသည်။
ဘာကြောင့်မှန်းမသိ နှလုံးခုန်တာက မြန်လာတာကြောင့် ပိုင်လည်း ဘယ်သူများလဲဆိုပြီး သိချင်တာနဲ့ မော့ကြည့်မလို့လုပ်တုန်း။ တစ်ယောက်ယောက်ကနေပြီးတော့ "ပြည့်ဖြိုးသျှန် ဘာလုပ်နေတာလဲ မြန်မြန်လာ" ဆိုတဲ့အသံကြားမှ ပိုင်လည်း သတိပြန်ဝင်လာပြီး ကိုယ်ကိုမတ်လိုက်ကာ ရှက်ကိုးရှက်ကန်းနဲ့ ထိုနေရာလေးကနေ ပြေးထွက်လာလိုက်သည်။
ပြည့်ဖြိုးသျှန်တစ်ယောက် နားချိန်လေး အိမ်သာသွားမယ်ဆိုပြီး နားနေခန်းက ထွက်လာလိုက်သည်။ အိမ်သာထဲသို့ ၀င်မည်အလုပ်မှာ ရှေ့ကတစ်ယောက်က ရေနဲ့ချော်ပြီး လှဲကျမလိုဖြစ်တော့ ပြည့်ဖြိုးသျှန်လဲ နောက်ကနေ ဖမ်းထားပေးလိုက်တော့သည်။ ပြည့်ဖြိုးသျှန်က ဖမ်းပေးတဲ့သူဆိုတော့ ဘယ်သူလဲဆိုတာ တွေ့လိုက်ရလေသည်။ ကျော်သုတသူငယ်ချင်း ပိုင်ဇေထွဋ် ဆိုတာကိုပေါ့။
ရှိုးလျှောက်ဖို့ နီးပြီလို့ သူငယ်ချင်းတစ်ယောက်က လာပြောတော့ အဲ့တစ်ယောက်က ခပ်သွက်သွက် လေးပြေးထွက်သွားတယ်လေ။
"ဘာလဲ ငါကဆွဲဖမ်းပေးတာကို ကျေးဇူးတင်စကားတောင် မပြောသွား ဘူးလား။ ပြီးတော့ ဘာလို့ သူ့နားကနေ နှလုံးခုန် မြန်နေတာကို ကြားရပါလိမ့်" စဉ်းစားနေတုန်း နာရီကို တစ်ချက် ကြည့်လိုက်တော့ တစ်နာရီထိုးနေပြီလေ။ဒါနဲ့ဘဲ ပြည့်ဖြိုးသျှန်လည်း showလျှောက်ဖို့အတွက် အခန်းကိုဘဲ ပြန်လာခဲ့လိုက်လေသည်။
ပိုင်တစ်ယောက် အွမ်ရှိတဲ့ အခန်းထဲ အလောတကြီး ပြေး၀င်သွားကာ အွမ်နား သွားထိုင်လိုက်တော့သည်။
"ငါတော့ အရှက်တွေကွဲပါပြီ ဘာလို့သူ့ရှေ့ကျမှလဲ၊ ဘာလို့ ငါ့နှလုံးခုန်တာက မြန်ပြီး အသံကကျယ်နေရတာလဲ၊ ဘယ်လိုလုပ်ရမလဲ ရှက်လို့ သေတော့မယ်" ဆိုပြီး တစ်ယောက်ထဲ အရူးကြီးလို ရေရွတ်နေလေသည်။
YOU ARE READING
သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]
Romanceစနောက်မှု တစ်ခုကနေပြီး ဇာတ်လမ်းစသတဲ့ကွယ်......