အခန်း(၄၀)-ဇာတ်သိမ်း

6.8K 161 9
                                    

#Unicode#

ပိုင်တို့တွေ စာမေးပွဲဖြေပြီးလို့ နှစ်လတောင် ကျောင်းပိတ်ပြီးသွားပြီလေ။ ခုဆို second year, second semesterကို တက်ရတော့မှာပေါ့လေ။

"တီး......တီး......တီး"

အပြင်မှာ ဆိုင်ကယ်ဟွန်းတီးသံ ကြားတော့ ပိုင် အိမ်ထဲက ထွက်လာလေသည်။ ဘာကြောင့်ဆို သျှန် လာကြိုနေပြီ မလို့ဘဲလေ။
"အမြဲတမ်း uniform ဝတ်ရင် အင်္ကျီလက်ကို ခေါက်ထားမြဲ။ ဆံပင်ကိုလည်း လှန်ဖြီးထားတော့ ကြည့်လို့ကောင်းနေတဲ့ သျှန်။ လက်လေးတွေမှာလဲ အကြောစိမ်းလေးတွေကြောင့် အူယားစရာ‌ လေး ဖြစ်နေတော့တယ်လေ။ အမြဲ တမ်းအေးတိအေးစက်နဲ့ ပိုင့်ကို ပြုစားသွားတဲ့ သျှန့်ကို ပိုင်က အမြဲချစ်နေပါမှာ" လို့ တွေးရင်း ပိုင် တစ်လှမ်းချင်းဆီ လှမ်းရင်း ပြည့်ဖြိုးသျှန်နား လျှောက်လာနေလေသည်။

"ဆံပင်လေးကို ချထားပြီး အမြဲတမ်း ပြုံးရယ်နေတတ်တဲ့ ပိုင်။ ပြုံးလိုက်လျှင်ပင် ချစ်စရာ ကောင်းလွန်းသောကြောင့် မချစ်ဘဲ မနိုင်ဖြစ်နေရတယ်။ မင်းဘာဘဲ ဖြစ်နေဖြစ်နေ မင်းကို နေမင်းကြီးသဖွယ် ကာကွယ်ပေးမယ် ပိုင်။ အရမ်းချစ်တယ်"

တစ်ယောက်နဲ့ တစ်ယောက်တွေးနေတာကို ဘယ်သူမှမသိနိုင်ပေမဲ့ ပိုင်နဲ့သျှန်တို့ရဲ့ မျက်လုံးခြင်း စကားပြောနေတာကြောင့် တစ်ယောက်အတွေး တစ်ယောက်သိနေကြတယ်လေ။

"လာ....တက် ပိုင်"

"အင်း"

ဆိုင်ကယ်က မြန်မြန်လေး သွားနေတော့ ပိုင်လည်း သျှန့်ခါးလေးကို ဖက်ပြီး လိုက်လာခဲ့လိုက်တာပေါ့။ ကျောင်းရောက်တော့ ပိုင်တို့ အတန်းထဲ သွားကြသည်။ အတန်းထဲ မဝင်မှီ သျှန်က ပိုင့်လက်ကို ဆွဲလိုက်ပြီး အခန်းရဲ့ အကွယ်နားလေးမှာ ပိုင့်ခါးကိုဖက်ပြီး အနမ်းပေးမလို့ လုပ်တုန်း

"ဟိတ်"လို့အော်လိုက်တဲ့ အွမ်ရဲ့ အသံကြောင့် နှစ်ယောက်သား ဘာလုပ်ရမှန်း မသိတာနဲ့ ဟိုလှည့်ဒီလှည့်နဲ့ ဖြစ်သွားကြတော့သည်။

"အမယ် နင်တို့နော် ပိတ်တဲ့နှစ်လအတွင်း ro တာတောင် အားမရလို့ ကျောင်းမှာလာro နေတာလား"

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now