အခန်း(၁၄)

2.6K 170 1
                                    

#Unicode#

မနေ့တုန်း ပြည့်ဖြိုးသျှန် တစ်ယောက် ဘာဖြစ်နေမှန်း မသိဘူး။ ဖျားနေတယ် ဆိုတာလည်း ဘယ်ကနေ ဘယ်လို ကြားလာပြီး အိမ်ကို‌ ရောက်ချလာမှန်း မသိဘူးလေ။ အဒေါ်နဲ့ အကိုကိုလည်း သူငယ်ချင်းပါ ကူးရမယ့်စာအုပ် လာပေးတာဆိုပြီး ညရှစ်နာရီလောက် ရောက်လာခဲ့တာ‌ လေ။

အိမ်ကို သျှန် ရောက်လာမယ်လို့မှ မသိတာ။ သိရင် အခန်းလေး ဘာလေး ရှင်းထားမှာ ပေါ့လို့။ ခုတော့ အခန်းကရှုပ်ပွနေတာ ပြီးတော့ စာအုပ်တွေကော ပွကြဲနေတာ ဆိုတော့လေ။ ရှက်လိုက်တာ ကိုယ့်ကိုယ်ကို‌တောင် သေပလိုက်ချင်တော့တာဘဲ။

ဒါပေမဲ့လည်း သူက ကြင်နာတတ်သားဘဲ။ ဘယ်သူက သူ့လို

ရေခဲတုံးကြီးကို ကြင်နာတတ်မယ်လို့ ထင်မှာတုန်း။ ဆန်ပြုတ်တွေ ခွံ့ကျွေးတယ်၊ ဆေးတွေလည်း တိုက်တယ်လေ၊ သီချင်းလည်း ဆိုပြသေးတယ်၊ ပြီးတော့ သူက ပိုင်ဘေးနား ကုတင်လေးထားပြီး အဖော်လာလုပ်ပေးတယ်လေ။ ပိုင်ကတော့ အဲ့ချိန်တုန်းက အိမ်မက်မက်နေတယ်လို့ ထင်နေမိတာ။

မနက်စာစားပြီးတော့ အွမ်က ပိုင့်ဆီ ဖုန်းလှမ်းဆက်တယ်လေ။ ဒီနေ့လည်း ဆရာမက ထပ်ခေါ်ထားသေးတယ် ဆိုပြီး‌တော့လေ။ ဒါနဲ့ အ၀တ်အစား သွားလဲကြတာပေါ့။ သျှန်ကတော့ မနေ့တုန်းက ၀တ်လာတဲ့ အ၀တ်ကိုဘဲ ပြန်၀တ်ထားတာလေ။

ပြီးတော့ သူက ပိုင့်ကို မြန်မြန်လုပ်ဆိုတော့ ကမန်းကတန်းနဲ့ အင်္ကျီ ဝတ်လိုက်တာပေါ့။ လောလောနဲ့ဆိုတော့ ကြယ်သီးက ဟိုတစ်ခုဒီတစ်ခု ဖြစ်နေတာလေ။ အဲ့တာကို သူက ကပ်လာပြီး ပြန်ပြင်ပေးနေတော့ ရင်တွေ ပြုတ်ကျထွက်မတတ်ဘဲလေ။ ခန္ဓာကိုယ်ကလည်း ပူသလို ခံစားနေရတယ်လေ။

ပြီးတော့ သူကရုတ်တရက်ကြီး လာနမ်းတော့ ပိုင့်ရင်ထဲ ဗြောင်းဆန်ကုန်တော့တာပေါ့။ နမ်းပြီးသွားတော့ ပိုင်လည်း ဘာပြော လို့ပြောရမှန်းကို မသိတော့ဘူးလေ။ ဒါနဲ့ ပုဆိုးကို ပြင်၀တ်လိုက်ပြီး လွယ်အိတ်ကိုယူလိုက်ကာ "သွားမယ်" လို့ပြောပြီး အခန်းထဲကနေ အရင်ထွက်လာလိုက်ရတော့သည်။

ခုလည်း သူ့ဆိုင်ကယ်နောက် လိုက်စီးနေတာ နောက်ကနေ ကျောက်ရုပ် အလားဘဲ ထိုင်ပြီးလိုက်နေမိတာ။ ကျောင်းရောက်တော့ ဘာပြောရမှန်းမသိကို ဖြစ်နေတာလေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now