အခန်း(၃၅)

1.6K 102 3
                                    

#Unicode#

ပိုင်တို့ စာမေးပွဲဖြေဖို့ တစ်ရက်ဘဲ လိုတော့သည်။ Private study ကလည်း နှစ်ပတ်လောက်ဆိုတော့ စာမေးပွဲဖြေဖို့ စာသာကျက်နေရတယ်လေ။ private study ပေးတဲ့ အချိန်အတောအတွင်း ပိုင်နဲ့ သျှန် စကားမဖြစ်ကြသလို၊ တွေ့လည်း မတွေ့ကြတော့ဘူး။ ခုချိန်က ကိုယ့်စာနဲ့ကိုယ် အလုပ်ရှုပ်နေကြမှာဘဲလေ။

"ဝါး........" နာရီကို ကြည့်လိုက်တော့ မနက် ငါးနာရီခွဲနေပြီလေ။

"စာတွေပြန်နွေးရအုန်းမှာဘဲ" ဆိုကာ ပိုင် အိပ်ရာက ထလိုက်ပြီး မျက်နှာ သွားသစ်တော့တာပေါ့။ ပြီးတော့ အ၀တ်အစားလဲပြီး စာတွေ ပြန်နွေးလိုက်သည်။ မြန်မာစာဖြေရမှာမို့ အကို့ဆိုင်ကယ်လေးနဲ့ ပိုင် စောစောလေး ကျောင်းသွားမယ် လုပ်တုန်း ရှေ့မှာ ရပ်စောင့်နေတဲ့ သျှန့်ကို တွေ့လိုက်ရတော့သည်။

ဒါနဲ့ ပိုင်လည်း အိမ်ရှေ့ သွားလိုက်တာပေါ့။ မိုးတွင်းမလို့ မိုးအုံ့နေတော့ မထူးဆန်းပါဘူးလေ။ ဘယ်ချိန် မိုးရွာမလဲ မသိတာကို အိမ်ရှေ့မှာ လာစောင့်နေတဲ့ သျှန်က ထူးဆန်းနေတာလေ။

"ဟင်...သျှန် ရောက်နေတာကို ဟွန်းတီးလိုက်တာမဟုတ်ဘူး"

"အော် ကို့ပိုင်လေး အေးအေးဆေးဆေး စာနွေးလို့ရအောင် ဆိုပြီး တမင် ဟွန်းမတီးဘဲ နေလိုက်တာ"

"ဟုတ်ပါပြီ........ခခုကျောင်းသွားမယ်လေ........သွားတဲ့လမ်းမှာ မနက်စာစားမယ်"

"ဟုတ်ပြီ ဒါဆိုလည်း တက်"

"အင်း ခဏ ပိုင် လွယ်အိတ် သွားယူလိုက်အုန်းမယ်" ဆိုကာ ပိုင် အိမ်ထဲ ပြန်၀င်သွားတော့သည်။

ဒီလိုနဲ့ ပိုင်နဲ့ သျှန် မနက်စာစားပြီး ကျောင်းကို ရောက်တော့ လူတွေတောင်ရှိနေပြီ။

"ကိုယ့်ဝက်ပေါက်ခလေး စာမေးပွဲဖြေနိုင်အောင်ဖြေခဲ့ ခဏနေ တွေ့မယ်နော်" ဆိုပြီး သျှန်က ပိုင့်လက်ကလေးကို ကိုင်ပြီး ပြောနေတာလေ။

"အင်း"လို့ ပိုင်လည်း ပြောပြီးတော့ ကိုယ်ဖြေရမယ့် အခန်းကို ကိုယ်စီသွားကြလိုက်ကြတာပေါ့။

ပိုင် ဖြေပြီးတော့ အခန်းထဲက ထွက်လာလိုက်သည်။ အွမ်ကို တွေ့တော့ အွမ်က မျက်နှာမကောင်းတဲ့ ပုံစံ ဖြစ်နေလေသည်။ ဒါနဲ့ ပိုင်လည်း စိတ်ပူပူနဲ့ မေးလိုက်တာပေါ့။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now