အခန်း(၃၆)

1.5K 102 1
                                    

#Unicode#

သျှန်ဆီကလည်း ခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလေ။ ပြောရရင် သျှန်သွားပြီး ကတည်းကနေ ခု ပိုင် မူဆယ်ပြန်တဲ့ အထိဘဲလေ။ ပိုင်လည်း ဘာမှန်းမသိ စိတ်ထင့်နေမိသည်။ ဒါနဲ့ ပိုင်လည်း ဒိုင်ယာရီစာအုပ်လေး ထုတ်ကာ ခရီးသွားတဲ့ အကြောင်းကို ပြန်ဖတ်နေလိုက်သည်။

သျှန်တို့ သွားပြီး မကြာပါဘူး ပိုင်တို့ သွားရတော့မယ်လေ။ ခု ပိုင်တို့က သွားရတော့မှာဆိုတော့ သျှန့်ဆီ ဖုန်းဆက်ပြီး ပြောပြချင်တာကို ဖုန်းပိတ်ထားတယ်တဲ့လေ။

"ကဲ....ကဲ အားလုံး ကားပေါ်တက်ကြမယ်" ဆိုပြီး ဆရာမ ပြောလိုက်တော့ အားလုံးက ကားပေါ်တက်ကြလေသည်။

Express ကားက အထူးတော့ မဟုတ်ဘူးလေ။ ဒါမေပဲ့ နဲနဲတော့ ကောင်းတယ်လို့ ပြောရမလားဘဲ။ ကားက သုံးစီးထွက်တာလေ။ Express ကနှစ်စီးရယ်၊ ဟိုလို ပေါင်မုန့်ပုံစံ ရှည်ရှည်နဲ့က တစ်စီးရယ်ပေါ့။ ဘယ်လိုခေါ်လဲတော့ ပိုင်မသိဘူး။

Express တစ်စီးမှာ third yearနဲ့ fifth yearနဲနဲရယ်၊ ပိုင်တို့အစီးမှာက ပိုင်တို့အတန်းနဲ့ fifth yearအတန်းက လူတွေ နဲနဲ ပါတာပေါ့လေ။

ပိုင်က ကားမူးတတ်တော့ ပြတင်းပေါက်နားထိုင်တာပေါ့။ ပိုင့်ဘေးမှာက သော်ထူးဝေလေ။ ပိုင်လည်း အဖော်မရှိတာနဲ့ ပေးထိုင်လိုက်တော့တာ။

အားလုံး ကားပေါ် ရောက်ပြီဆိုတာနဲ့ ကားတွေ စထွက်ကြပြီလေ။ ပိုင်ကတော့ ကားမူးတတ်လို့ စထွက်ကတည်းက ဆေးသောက်ပြီး အိပ်နေလိုက်သည်။

ကားထွက်တာ နဲနဲကြာလာတော့ ကျောက်မဲမှာ ခဏရပ်သည်။ အိမ်သာသွားလို့ရအောင် ခဏ ရပ်ပေးတာပေါ့။ တစ်ချို့ အိမ်သာ မသွားတဲ့ သူတွေကလည်း အဆာပြေမုန့် ၀ယ်ကြတာပေါ့။ ပိုင်တို့ နာရီ၀က်လောက် နားပြီးတာနဲ့ ခရီး ပြန်ဆက်ကြတာပေါ့လေ။ ပိုင်တို့ ဒုတ္ထ၀တီမြစ်ကို တံတားကနေ ဖြတ်သွားကြသည်။ တံတားကို ဖြတ်ပြီးတာနဲ့ ပိုင်ကတော့ ထုံးစံအတိုင်း အိပ်နေတော့တာပေါ့။ နေ့လည်လောက် အချိန် ရောက်တော့ တစ်နေရာမှာ ရပ်လိုက်သည်။ ဒီဇင်ဘာပန်းခြံလေးမှာ ရပ်လိုက်တာလေ။

သော်က ပိုင့်ကို ကားပေါ်က ဆင်းဖို့ ပိုင့်ကို နိုးလို့သာ ပိုင် သိရတာ။ မဟုတ်ရင် ကားပေါ်မှာဘဲ ကျန်ခဲ့မှာလေ။ ပိုင်လည်း ထလာရော မြင်လိုက်ရတာက စီနီယာ အမတွေလေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now