အခန်း(၆)

4K 243 4
                                    

#Unicode#

ရုပ်ရှင်သွားကြည့်မယ့်နေ့မှာ ပိုင့်အတွက် အပြောင်းအလဲတွေ ဖြစ်သွားမယ် ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ လိုင်းဖွင့်ဖွင့်ချင်းဘဲ တိန်ဆိုတဲ့ အသံကို ကြားလိုက်ရသည်။ ကြည့်ကြည့်လိုက်တော့ ပိုင့်ကို စာလေး ပို့ထားတာ ဖြစ်နေသည်။ ပို့ထားတဲ့ နာမည်ကလည်း "ပြည့်ဖြိုးသျှန်"ဆိုပြီးပေါ်နေတော့သည်။

ပိုင်တစ်ယောက် လျင်လျင်မြန်မြန်ဘဲ ဖွင့်ကြည့်လိုက်သည်။ ဘာများ ပို့ထားသလဲ ဆိုပြီး ကြည့်လိုက်လျှင်ပင် ပိုင်တစ်ယောက် အံ့အားသင့် သွားလေတော့သည်။ ပို့ထားတာက 'Love U'ဆိုတဲ့ stickerတစ်ခုဖြစ်နေလို့ဘဲလေ။ stickerကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် 'love u'ဆိုတဲ့ စာသားပါနေတော့ ပိုင်ပိုပြီး အံ့ဩသွားရတာပေါ့။

ပိုင်လည်း ဘာပို့ရမယ်မှန်း မသိဖြစ်‌နေတော့သည်။ ဒါကြောင့် "what?" ဆိုပြီးတော့ ပို့လိုက်ပြီး စကရင်offလိုက်သည်။ ပိုင် ပို့ပြီးမကြာ တိန်ဆိုပြီး ချက်ချင်း စာပြန်လာလေသည်။ သူချက်ချင်းကြီး စာပြန်ပို့လာမယ်လို့ ပိုင်မထင်တာကြောင့် ပိုပြီး အံ့ဩသွား ရတယ်လေ။ ပိုင်လည်း သူပို့လာတဲ့စာကို ပြန်ကြည့်ကြည့်လိုက်သည်။

"ဝက်?"တဲ့လေ။

"ဘယ်သူက အဲ့လိုမျိုး ပို့မှာလဲ"ဆိုပြီး ပိုင်တွေးလိုက်ပြီး ပြုံးမိသွားသည်။

ဒီလိုနဲ့ ပိုင်ကလည်း စချင်တာကြောင့် ပြန်ပြီးတော့ "ကြက်?"ဆိုပြီး ထပ်ပို့လိုက်တော့သည်။

မကြာပါဘူး ပိုင် ပို့လိုက်တဲ့အတိုင်း "ကြက်?" ဆိုပြီးပြန်ပို့လာတော့တယ်လေ။

ပိုင်လည်း "မဟုတ်တော့ဘူး" ဆိုပြီး  စိတ်တိုလာတာနဲ့ angry emojiကို ပို့လိုက်တာပေါ့။ ခဏကြာတော့ သူကစိုးရိမ်တဲ့ emojiလေးကို ချက်ချင်း ပြန်ပို့လာတယ်လေ။ ပိုင်ကလည် "မထူးပါဘူး" လို့တွေးပြီး ရီတဲ့ emojiလးကို ပို့ထားလိုက်‌တော့တာ။
ပိုင် ပို့လိုက်ပြီး မကြာပါဘူး၊ သူက ပိုင့်ရဲ့ nicknameကို "သဲလေး"လို့ ပြောင်းလိုက်‌တော့သည်။ သူ့nicknameကိုကြတော့ "ကို" ဆိုပြီး ပြောင်းလိုက်တာပေါ့။ ပြီးတော့ emojiဖြစ်တဲ့ လက်မနေရာလေးမှာလဲ အသည်းလေး ပြောင်းထားသေးတယ်လေ။ ပိုင် ဘာမှ မပြောပြတတ်လောက်အောင် အံ့ဩသွားရသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now