အခန်း(၃၉)

2.1K 116 2
                                    

#Unicode#

နောက်ကနေ သိုင်းဖက်လာတာကြောင့် ပိုင်လန့်သွားပြီး နောက်လှည့်ကြည့်မလို့လုပ်တုန်း ပြည့်ဖြိုးသျှန်က တင်းတင်းကြပ်ကြပ် ဖက်ထားပြီးတော့

"ပိုင်........ခဏလောက် စကားမပြောဘဲ ငါးမိနစ်လောက် ငြိမ်ငြိမ်လေး နေပေးပါလား" လို့ပြောလာတော့ ပိုင် ဘာရယ်တော့ မသိဘူး။ ခဏလောက် ငြိမ်ပေးလိုက်သည်။

ဒါပေမဲ့ သျှန်က အရမ်းကြီး ဖက်ထားတာကြောင့် ပိုင် အနေရခက်လာလေပြီ။

"သျှန် အသက်ရူကြပ်လာပြီ ဖယ်ပေးအုန်း"  လို့ ဆိုကာ ပိုင် သူ့လက်ကို ဆွဲဖယ်ရင်း ပြောမှသာ

"အော်... ဆောရီး ပိုင်"ဆိုပြီး ဖယ်ပေးရှာတော့သည်။

"သျှန်က ဘာကိစ္စကြောင့် ချိန်းတာလဲ" ပိုင် အသံခပ်မာမာလေးနဲ့ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ကို ပိုင့်ကို ရှင်းပြစရာရှိလို့"

"ဘာရှင်းပြစရာရှိလဲ ပိုင်နဲ့သျှန်နဲ့က ပြီးပြီးသားတွေ မဟုတ်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး ပိုင်"

"ဘာလဲ သျှန်က ပိုင့်ကို အနာပေးလိုက်၊ ဆေးပေးလိုက် လုပ်နေတာလား" ပိုင် လက်ပိုက်ရင်း ပြောလိုက်သည်။

"မဟုတ်ရပါဘူး ပိုင်ရယ် ကန်တင်းမှာ ကို အေးအေးဆေးဆေး ရှင်းပြမယ်လေ.......လာ ကန်တင်း သွားရအောင်"

"မလိုက်ပါဘူး ဘာကိစ္စကြောင့် လိုက်ရမှာလဲ"

"ပိုင်ရယ် လိုက်ခဲ့ပါ" လို့ ချွဲနေတာကြောင့် ပိုင် လိုက်သွားလိုက်တော့တာပေါ့။

ကန်တင်းကို ရောက်တော့ ပိုင် အလန့်တကြားဖြစ်ပြီး ‌အကျယ်ကြီး အော်လိုက်တော့သည်။

"ဘာ.....ဘယ်လို....ထပ်ပြောပါအုန်း သျှန်"

ဆိုင်ထဲမှာ လူအနည်းငယ်သာ ရှိသော်လည်း ပိုင် အော်လိုက်တာကြောင့် လူတွေက ပိုင်တို့ဝိုင်းကို ကြည့်နေကြတော့သည်။

"ကို အိမ်ပေါ်ကနေ ဆင်းလာတာ"

"သျှန်ကလည်း မကောင်းပါဘူး......ဘာလို့ ခုလိုလုပ်တာလဲ"

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now