အခန်း(၁၉)

2.4K 153 5
                                    

#Unicode#

"တစ်ခါတစ်လေမှာ ကိုယ်ထင်မှတ်ထားတဲ့ သူက ဗီလိန် ဖြစ်နေတတ်သလို၊ ကိုယ်မထင်မှတ်တဲ့ သူကလည်း မင်းသား ဖြစ်နေနိုင်တယ်။ "

"ဟူး......ပုတ်"

ပိုင်တစ်‌ယောက် သက်ပြင်းလေးချကာ စာအုပ်‌လေးကို ပိတ်လိုက်ပြီး တွေးတောနေတော့သည်။ စာအုပ်ထဲက အကြောင်းအရာက အရမ်း လေးနက်နေလို့ဘဲလေ။

"သူရေးထားတာလည်း မှန်တာဘဲလေ မဟုတ်ဘူးလား တစ်ခါတစ်လေတော့လည်း အဲ့လိုမျိုးတွေ ဖြစ်တတ်တာဘဲ" ဆိုပြီး တွေးနေချိန်

"ပိုင်.......ပိုင်.......ပိုင်.......ဟဲ့ပိုင်" ဆိုပြီး ရိုက်လိုက်တော့မှ

"အေပြောလေ ဘာလို့ လက်နဲ့ ရိုက်တာလဲ"

"ငါခေါ်နေတာ နင်မှ မကြားဘဲ.....ဘာတွေ အဲ့လောက်တောင် တွေးတောနေတာလဲ"

"စာအုပ်ထဲက အကြောင်းအရာလေးပါ"

"နင် နောက်အပတ်ဆို အဆောင်မှာ ဂိုက်သွားလုပ်တော့မှာဆို"

"အေ ဟုတ်တယ် ငါ့ဆရာက အတင်းလာခေါ်နေတော့ ငါလည်း အားနာတာနဲ့ လာလုပ်မယ်လို့ ပြောလိုက်တာ"

"အော် ဒါနဲ့ ငါတို့မူဆယ် မပြန်လာခင် နောက်ဆုံး စာမေးပွဲရက်က ဘာတွေဖြစ်ကုန်တာလဲ"

"အော် အဲ့တာလား ဘာမှမဟုတ်ပါဘူးလေ......ထားလိုက်ပါတော့ လာအိမ်ပြန်ကြမယ်"

အိမ်ပြန်ရောက်တော့ ပိုင် အဲ့နေ့က အကြောင်းကို မတွေးဘဲ မနေနိုင်ဘူးလေ။ ပိုင်တို့ကို အဖေက လာခေါ်မယ်ဆိုပြီး သုံးရက်ကြာတော့ အဖေလာခေါ်တယ်လေ။ ဒါပေမဲ့ အဖေ လာမခေါ်ခင် အဲ့သုံးရက်အတွင်းမှာ ပိုင် ပျော်လည်းပျော်သလို၊ ထိန့်လည်းထိန့်လန့်ခဲ့ရသည်။

အဲ့နေ့ စာမေးပွဲ‌ ဖြေပြီး‌တော့ သော်ကပိုင့်ကို ဆွဲခေါ်သွားတော့သည်။ အဲ့အချိန်မှာ ပိုင်တို့ နောက်ကို တစ်ယောက်ယောက် လိုက်လာတယ်လေ။ ပိုင်တို့လည်း မသိတော့ဘူးလေ။ သော့် ဆိုင်ကယ်နား‌ ရောက်နေတုန်းမှာ လူတစ်ယောက်က ပိုင့်လက်ကို လှမ်းဆွဲတော့သည်။ ပိုင်လည်း ကြည့်မိလိုက်တာပေါ့။ အဲ့တာက သျှန် ဖြစ်နေတာလေ။ သော်ကလည်း သူ့ ဆိုင်ကယ်ပေါ်က ဆင်းပြီး ပိုင်တို့ နောက်လိုက်လာပြီး သျှန့်ကို လာတားတယ်လေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Tahanan ng mga kuwento. Tumuklas ngayon