အခန်း(၃၁)

1.7K 109 7
                                    

#Unicode#

"ဝါး..........အိပ်လို့ကောင်းလိုက်တာ" ဆိုပြီး ပိုင် အညောင်းဆန့်ရင်း နိုးလာတော့သည်။ အိပ်ယာက နိုးလာပြီးတော့ ဆေးရုံမှာ ကျန်ခဲ့တဲ့ နှစ်ယောက် အဆင်မှ ပြေပါ့မလား ဆိုတာ ထိုင်ပြီး စိတ်ပူနေလေသည်။

ခဏ ထိုင်နေပြီးမှ "ငါဈေးသွားရမှာဘဲ......ဟိုနှစ်ယောက်ကို မနက်စာ လုပ်ပေးရအုန်းမှာဘဲ" ဆိုကာ အိပ်ယာက ထပြီးတော့ ပိုင် မျက်နှာသစ်ပြီး ဈေးကိုသွားလေသည်။

ဈေးကနေ ပြန်လာတော့ သူတို့အတွက် မနက်စာပြင်လေသည်။ မနက်စာကလည်း ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီအတိုင်း ခေါက်ဆွဲထုပ်လေးကိုဘဲ နဲနဲကောင်းအောင် ပြုတ်ပေးမလို့ပါဘဲလေ။

ခေါက်ဆွဲကို ကောင်းကောင်းလေး ပြုတ်ရမယ်။
အဆင့်တစ်: စဉ့်ဏီတုံးပေါ် ကြက်သွန်ကို ပါးပါးလေးလီး။
အဆင့်နှစ်: ငရုတ်သီးလေးကို အခြမ်းလိုက်လီးပြီး ခေါက်ဆွဲအိုးထဲ ပစ်ထည့်လိုက်မယ်။
အဆင့်သုံး: ခေါက်ဆွဲထုပ်ပေါက်ထည့်မယ်၊ ခေါက်ဆွဲထုပ်ကပါတဲ့ အဆာပလာကောထည့်မယ်။
အဆင့်လေး: ကြက်ဥလေးကို ခေါက်ဆွဲပေါ် တင်ပြီးတာနဲ့ အဖုံး‌
ဖုံးထားမယ်။ ပြီးရင် တစ်ဆယ့်ငါးမိနစ်လောက် စောင့်ပါမယ်။ ခေါက်ဆွဲပျော့ပျော့လေး မကြိုက်တဲ့ သူတွေကတော့ ဆယ်မိနစ်ပေါ့။

တစ်ဆယ့်ငါးမိနစ်အတွင်း ပိုင်ဆေးရုံသွားဖို့ အဝတ်အစားလဲ တော့သည်။ အ၀တ်အစားလဲပြီးတာနဲ့ ခေါက်ဆွဲအိုး အဖုံးကိုဖွင့်လိုက်တော့ ခေါက်ဆွဲကရနေပြီလေ။ နောက်ဆုံးအနေနဲ့ လီးထားတဲ့ ကြက်သွန်လေးကို အပေါ်မှာတင်လိုက်ရင် ရပါပြီ။ ဒါနဲ့ ခေါက်ဆွဲကို ‌အရမ်းပျော့မှာစိုးလို့ အရည်သက်သက်၊ အဖတ်သက်သက် ထုတ်ပြီး ဆေးရုံသို့ ထွက်လာခဲ့လိုက်တော့သည်။

ပိုင် ဆေးရုံရောက်တော့ နဲနဲစိတ်အေးရတယ်လို့ ပြောရမလားဘဲလေ။ သော်ထူးဝေလည်း မနိုးသေး၊ သျှန်ကလည်း ခုတင်ပေါ် ခေါင်းလေး မှောက်ပြီး အိပ်နေတာဆိုတော့ ညက အဆင်ပြေကြတယ် ထင်တာပါဘဲ။

"သျှန်......သျှန်.....ထတော့လေ" လို့ပြောပြီး ပိုင် သျှန့်ကို သာသာလေး လှုပ်နိုးကာ မျက်နှာသွားသစ်ခိုင်းလိုက်သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now