အခန်း(၂၀)

2.5K 140 8
                                    

#Unicode#

“မိုးကုတ်မှာ နေရတာလဲ ပျင်းလိုက်တာ။ ပြီးတော့ ပိုင့်ကိုလည်း လွမ်းတယ်” ပြည့်ဖြိုးသျှန် တစ်ယေုက် ခုတက်ပေါ် လဲနေရင်း မျက်နှာကြက်ကိုကြည့်ကာ လွမ်းနာကြနေလေသည်။

မိုးကုတ်ကို မပြန်ခင်က ပိုင်နဲ့ တစ်ရက်တွေ့လိုက်ရသည်။ တွေ့တော့ ပိုင်က မနေ့က ဟိုကောင်ကိုထိုးလိုက်တာ လွန်တယ်တဲ့လေ။ ပြီးတော့ ပိုင်က တောင်းပန်ထားတယ်တဲ့လေ။

"အဲ့တာပြောဖို့ ခေါ်တာလား" လို့ပြောလိုက်မှ ပိုင်က "မဟုတ်ပါဘူး မပြန်ခင်လေး သျှန့်ကိုတွေ့ချင်လို့" ဆိုပြီး ပြုံးဖီးပြီး ပြောနေလေသည်။

"အဲ့ဆိုလည်း လာ ကိုယ်ပိုင့်ကို လက်ဆောင်ဝယ်ပေးမယ်" ဆိုပြီး နှစ်ယောက်သား shopping ထွက်ပြီး တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ဝယ်‌ပေးကြတယ်လေ။

မနက်ကြတော့ "ပြန်ပြီနော်" ဆိုတဲ့ စာလေးပို့လာတော့တာ။ နှုတ်တောင်ကောင်းကောင်း မဆက်လိုက်ရဘူးလေ။

“ယောက္ခထီးကြီးကလည်း ဘာလို့စောစောပြန်ခေါ်ရတာလဲ....ဟူး” ဟု ပြည့်ဖြိုးသျှန် မနက်အစောကြီး သက်ပြင်းချနေတော့သည်။

"သားရေ......သား .....ပြည့်ဖြိုးသျှန်"

"ဟုတ် .....ဟုတ် ....အမေ ဘာပြောမလို့လဲ"

"အောက်ထပ်ဆင်းခဲ့ကွယ် ဖေကြီးက မနက်စာစားမယ်တဲ့"

"ဟုတ် အမေ မျက်နှာသစ်ပြီး ဆင်းလာခဲ့လိုက်မယ်"လို့ပြောပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲသို့ ဝင်လိုက်ပြီး "ခုပိုင် ဘာများ လုပ်နေမလဲ"ဆိုပြီး တွေးကာ သွားတိုက်နေတော့သည်။

တစ်ဖက်တွင်တော့ “သားရေ....ပိုင် ....ထတော့လေ ဘယ်နှစ်နာရီထိ အိပ်နေမှာလဲ။ နေဖင်ထိုးနေပြီ။ ထတော့”လို့ အမေပြောနေတဲ့ အသံကို ကြားပြီး ပိုင် ဖုန်းကိုယူကာ ကြည့်လိုက်တော့ ကိုးနာရီဘဲရှိသေးတယ်လေ။

ဒါပေမဲ့ ပိုင်အားယူပြီး ထလိုက်ကာ အိပ်ယာပေါ်မှာ ခဏ ငုတ်တုတ် ထိုင်နေလိုက်သည်။ ပြီးမှ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေသွားချိုး‌တော့သည်။ ပိုင်ထမင်းစားခန်း ထဲသို့ ဝင်လာတော့ ပိုင်စားဖို့ မနက်စာ ပြင်ပေးနေသော အမေ့ကို တွေ့လိုက်ရ၏။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now