အခန်း(၃၈)

1.6K 107 5
                                    

#Unicode#

ပိုင်ရဲ့ အခန်းထဲတွင် သီချင်းသံများဖြင့် ဆူညံနေလေသည်။ အကိုဖြစ်သူက အပြင်ကနေ တံခါးခေါက်ပြီး အသံတိုးဖို့ ပြောနေသော်လည်း အသံက လျော့မသွားပေ။ ဒါကြောင့်ဘဲ အခန်းတံခါး ဖွင့်ကာ ၀င်သွားတော့ စောင်ခေါင်းမြှီးခြုံကာ ခုတင်ပေါ် ငုတ်တုတ် ထိုင်နေတဲ့ ညီဖြစ်သူ ပိုင်ဇေထွဋ်ကို တွေ့လိုက်ရတော့သည်။

အကို ဖြစ်သူက သီချင်းကို ပိတ်မည်ဆိုတာ သိသောကြောင့် ပိုင်မှာ အသံတိုးညင်းစွာဖြင့် အကိုကို ပြောတော့သည်။

“သီချင်းတော့ မပိတ်လိုက်ပါနဲ့ ………အသံလေးဘဲ တိုးသွားပါနော်”

ဒီလိုနဲ့ သီချင်းသံလေးက တိုးသွားသည်။ နဂို ဖွင့်ထားတာက အဆွေးသီချင်းကို အသံတိုးတိုးလေး နားထောင်နေရတော့ ပိုပြီး ဆွေးလာတာပေါ့လေ။

ပိုင် ထိုင်နေရာကနေ နောက် မှီချလိုက်ပြီး “အား…….” ဆိုပြီး စောင်ထဲမှာ အော်နေတော့သည်။

ပိုင် တစ်‌ယောက် ကျောင်းမသွားဘဲ ဒီလိုနေနေသည်မှာ တစ်ပတ်တောင် ရှိလေပြီ။ အိမ်က အဒေါ်နဲ့ အကိုကိုလည်း ဆရာက ခွင့်ပေးလိုက်တယ် ပြောပြီး အခန်း‌ထဲ အောင်းနေ တော့တာလေ။ မသိစိတ်ကလည်း သျှန့်ကို သတိရချင်နေတယ် ဖုန်းခေါ်ချင်နေတယ် messageတွေ ပို့ချင်နေတာလေ။

ဒါပေမဲ့လည်း "ဒီလောက်တောင် ပြောခံထားရတာ မမှတ်သေးဘူးလား" ဆိုပြီးတော့သာ ခေါင်းထဲ သွင်းထားရလေသည်။

ခုလည်း တစ်ပတ်ပြည့်ပြီးလို့ တနင်္လာတောင် ရောက်နေပြီ။

"ဒေါက်.....ဒေါက်......ဒေါက်"

"ပိုင်......ပိုင်.....ပိုင်ဇေထွဠ်"လို့ အော်ခေါ်ရင်း။ပိုင့် အခန်းကို အကို ထပ်ရောက်လာသည်။

ပိုင့်အကိုက ပိုင့်ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်နိုးလိုက်တော့မှ ပိုင် ခေါင်းမြှီးခြုံထားတဲ့ စောင်ကို ဖယ်လိုက်တော့သည်။

"ကျောင်းမသွားဘူးလား ပိုင်" ဆိုပြီး ပိုင့်ကို အံ့ဩတကြီးနဲ့ လာပြောနေတော့တာလေ။

ပိုင့်အထင် ခဏက ပြန်ထွက်သွားပြီး ဒီနေ့က တနင်္လာနေ့ ဆိုတာကို အမှတ်ရပြီး ထပ်လာပြောတာ နေမှာဘဲလေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now