အခန်း(၂၆)

1.8K 103 3
                                    

#Unicode#

"တူး......တူး.....တူး........" ပိုင် သီချင်းနားထောင်ပြီး အိပ်မလို့ လုပ်နေတုန်းမှာ ဖုန်းက မြည်လာတော့သည်။ တကယ်ကို မြင်ကပ်စရာကြီးလေ။ ဒါနဲ့ ပိုင် Contact name တောင်မကြည့်ဘဲ ကိုင်လိုက်လေသည်။

"ဟယ်လို"

"ဟယ်လို စွာတေးလား"

တစ်ဖက်ပြောလာတဲ့ အသံကို ကြားတော့ ပိုင် သော်ထူး‌ဝေ ဆိုတာကို ချက်ချင်း သိလိုက်ပြီလေ။ ပိုင့်ကို "စွာတေး"လို့ ခေါ်တာ သော်ထူးဝေ တစ်ယောက်ဘဲ ရှိတယ်ဆိုတော့လေ။

"ဘာလဲ ပြော" ပိုင် အတတ်နိုင်ဆုံး လေသံကို လျော့ပြီး ပြောလိုက်သည်။

"ရောက်တော့မှာလားတဲ့ အမေက မေးခိုင်းလိုက်လို့"

"အမ်........ငါတို့ ကျောင်းနားရောက်တော့မှာ ဆိုတော့ မကြာတော့ဘူး....ဘာလို့လဲ"

"အော် အမေက ဦးလေးပါတော့ တစ်ခုခု လိုက်ကျွေးချင်လို့တဲ့"

"ဟုတ်လား...အဖေက တစ်ဘက်ခါမှ ပြန်မှာဆိုတော့ မနက်ဖြန် လာခဲ့လိုက်မယ်လေ"

"ဟုတ်ပြီ....အဲ့တာဆိုလဲ ဒါဘဲ" လို့ ကြားပြီးတာနဲ့ ပိုင် ဖုန်းတန်းချကာ အိပ်လိုက်တော့သည်။

"ဟူး အိမ်ရောက်ပြီ "လို့ အညောင်းဆန့်ကာ ပိုင်‌ ရေရွတ်လိုက်သည်။ ကျော်ကျော်နဲ့ အွမ်ယိင်းတို့ကို ပို့ပြီးတော့ အဒေါ့်အိမ်ကို ရောက်ပြီလေ။ အဒေါ်ကတော့ အဖေပါလို့ ပျော်နေလေရဲ့။ ကားက

အပေါက်ဝတင်ရှိသေး အဒေါ်ရဲ့အသံက အရင် ဆီးကြိုနေလေသည်။

"ဟဲ့ သားလေး မင်းဦးလေးတို့ ရောက်ပြီ တံခါးသွားဖွင့်လိုက်စမ်း" လို့အော်သံကြားပြီး ခဏကြာတော့ အဒေါ့်သားက တံခါးလာဖွင့်တော့သည်။

"ဟယ် မောင်လေး မတွေ့တာတောင်ကြာပြီကွယ်"ဆိုပြီး အဒေါ်က အဖေ့ကို စကားတွေ ပြောနေတယ်လေ။

ပိုင်တို့ကတော့ အထုပ်တွေ ကားပေါ်ကချပြီး အခန်းထဲသို့ သယ်ဖို့ ပြင်ဆင်နေကြတယ်လေ။ အထုပ်တွေ အခန်းထဲသယ်ပြီးတော့ "ဟူး" ဆိုပြီး ပိုင် သက်ပြင်းချလိုက်သည်။ ဘာလို့ဆို ပိုင့်အထုပ်က များနေလို့ဘဲလေ။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now