အခန်း(၂၃)

1.9K 121 3
                                    

#Unicode#

"သွားပြီ သွားပြီ......သူမြင်သွားပြီ။" ဟု ပိုင်တစ်ယောက် ရေရွတ်ကာ တွေးပူနေလေသည်။

ပိုင်တင်တဲ့ ပို့စ်အောက်မှာ Angry react လည်း ပေးထားသေးသည်။ သူ ဘာဖြစ်နေမှန်း ပိုင် မသိနိုင်ဘူး။ ဒါပေမဲ့လည်း ပိုင် သူ့စိတ်ကို မခန့်မှန်းနိုင်တာတော့ အမှန်ပင်။ ကျောင်းတုန်းက သော်ထူးဝေကို ထိုးလိုက်တာကိုဘဲ ကြည့်ပါလား။ ဒါကြောင့်မလို့ အခုလည်း ဘယ်လိုလာမလဲ မသိနိုင်ဘူးလေ။

"သားရေ ...ပိုင်.....အမေ့ကို ဒေါ်ခင်ခင်သိန်းတို့အိမ်ကို ဆိုင်ကယ်လေးနဲ့ လိုက်ပို့ပါလား "လို့ အမေက ပိုင့်ကို ပြောနေတော့သည်။

"ဟုတ်အမေ"လို့ ဖြေပြီး ပိုင် အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ဖုန်းကိုတော့ အားကုန်တော့မှာမလို့ အားသွင်းဖို့ ထားခဲ့လိုက်ရလေသည်။

တစ်ဖက်တွင်‌တော့ "ဖုန်းခေါ်နေတယ်လေ.......ကိုင်လေ ပိုင်ရဲ့...... ကိုင်လိုက်စမ်းပါ" ဆိုပြီး ပြည့်ဖြိုးသျှန် တစ်ယောက် အခန်းတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ရေရွတ်နေတော့သည်။

သို့ပေမယ့်လည်း ဖုန်းလေးကတော့ "လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် ခဏရပ်နားပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်" ဆိုပြီးတော့တာ ပြောနေတော့သည်။

"ကိုင်စမ်းပါ..........." ပြည့်ဖြိုးသျှန် စိတ်မရှည် ဖြစ်လာတော့သည်။

ဒါနဲ့ ဖုန်းမကိုင်တော့ ပြည့်ဖြိုးသျှန် တစ်ယောက် လိုင်းပေါ်တက်ကာ စာတွေ ပို့ထားလိုက်သည်။ မြင်မှာပါဆိုပြီး‌တော့ စောင့်မနေတော့ဘဲ ဒီအတိုင်းသာ ထားလိုက်‌တော့သည်။

ပိုင်နဲ့အမေတို့ အိမ်ကို‌ ပြန်ရောက်တာ နဲနဲနောက်ကျသွားသည်။ အဲ့အန်တီကလည်းလေ မတွေ့တာကြာပြီ ဆိုပြီး ထမင်းတွေ၊ဟင်းတွေ ချက်ကျွေးလိုက်နဲ့ ရှေးဖြစ်နှောင်းဖြစ်တွေ ပြောလိုက်၊ သူ့သား၊ သမီးတွေနဲ့လည်း မိတ်ဆက်ပေးလိုက်နဲ့ ဆိုတော့ ပိုင်တို့ကြာနေကြတာလေ။

ပြီးတော့လည်း လမ်းမှာလည်း ကားပိတ်နေတော့ ပိုပြီး‌တော့ ကြာသွားတာပေါ့။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now