အခန်း(၁၃)

2.8K 165 4
                                    

#Unicode#

မနက်ရောက်တော့ ပြည့်ဖြိုးသျှန် စောစော နိုးလာလေသည်။ ပိုင်ကတော့ အိပ်နေတုန်းလေ။ ပြည့်ဖြိုးသျှန် ကုတင်ဘေးနားမှာ ကုတင်အသေးနဲ့ အိပ်တာဆိုတော့ ပိုင်နဲ့က ဘေးချင်း ကပ်ရပ်ဘဲလေ။ ပိုင်အိပ်နေတာလေးက ချစ်စရာလေး။ ပါးလေးက မဖောင်းတဖောင်း နှုတ်ခမ်းလေးက ပန်းရောင်လေး သန်းနေတာ။ သူကညိုချော ဆိုတော့ ဘယ်လိုလေးမှန်း မသိဘူး။

ဒီလိုနဲ့ ပြည့်ဖြိုးသျှန်လည်း မျက်နှာသွားသစ်မယ် ဆိုပြီး အပြင်ထွက်တော့ မီးဖိုက စားပွဲမှာ ထိုင်နေတဲ့ ပိုင့် အဒေါ်က စကားလာပြောတော့သည်။

"သားညက အိပ်ပျော် ရဲ့လား.......အဒေါ်ကစိတ်ပူနေတာ"

"ဟုတ်....ဟုတ် အားလုံးအဆင်ပြေပါတယ်"

"အေကွဲ့ အဆင်ပြေရင်လည်း ပြီးတာပါဘဲကွယ်။ ကဲကဲ မျက်နှာသွားသစ်ပြီး သားပိုင်ကို နိုးလိုက်အုန်းကွယ်" လို့ ပိုင့်အဒေါ်က ပြောပြီးတော့ ဆွမ်းတော်ဗန်းကိုကိုင်ပြီး ဘုရားရှိခိုးဖို့ ဧည့်ခန်းဘက်ကို သွားလိုက်တော့သည်။

ဒါနဲ့ ပြည့်ဖြိုးသျှန်လည်း မျက်နှာသစ်ပြီး ပိုင့်ကို နိုးမလို့ အခန်းထဲဝင်တော့ စားပွဲပေါ်မှာ ဖုန်းလေးက Vibrateလုပ် ထား‌သောကြောင့် တုန်နေတာကို တွေ့လိုက်ရသည်။

“နိုးစက်ထင်တယ် ပိတ်လိုက်မှဖြင့်” ဆိုပြီး ဖုန်းကို ကြည့်လိုက်တော့သည်။ နိုးစက် မဟုတ်ဘူးလေ။ ဖုန်းလာနေတာပင် ဖြစ်သည်။

ပိုင့် ဖုန်းcontactမှာလည်း “လူမိုက်‌ကောင်” ဆိုပြီး မှတ်ထားတာလေ။ ဘယ်သူလဲဆိုတာ ပြည့်ဖြိုးသျှန်လည်း မသိပါ။ ပိုင့်သူငယ်ချင်း ဖြစ်မည်အထင်နှင့် ဖုန်းကိုင်လိုက်လေသည်။

"ဟယ်လို”

သော်ထူးဝေ ဖုန်းခေါ်နေသော်လည်း မကိုင်သေးပါ။ ခဏကြာတော့မှ ဖုန်းကိုင်တော့သည်။ တစ်ဖက်က အသံကို သော်ထူးဝေ ကြားလိုက်တော့ ပိုင် မဟုတ်မှန်း တန်းသိသွားတော့သည်။

"မင်းဘယ်သူလဲ"ဆိုပြီး သော် မေးလိုက်တော့သည်။

"ငါကမင်းကို ပြန်မေးရမှာ သိလား"

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now