#Unicode#
အဲ့နေ့တုန်းက သော်ထူးဝေ ရုတ်တရက်ကြီး ထွက်သွားတာကို ပိုင် မြင်လိုက်သည်။ သူဘာဖြစ်သွားတာလဲတော့ ပိုင်မသိပါ။ တစ်ချိန်ထဲမှာဘဲ commemtမှာက ပိုင့်နာမည်နဲ့ ပြည့်ဖြိုးသျှန်နာမည်ကို မန်းရှင်းခေါ်ထားတာမှ အများကြီးဘဲလေ။ ဒီကြားထဲ တစ်ခြားစာတွေက လည်းပါလိုက်သေသည်။ ပိုင် ဘာပြန်ရေးလို့ ရေးရမှန်းကို မသိတော့ဘူးလေ။ လိုင်းဖွင့်ထားရင်လဲ "ဘယ်သူလဲ လင်းပါ" ဆိုပြီး လာမေးကြမှာဆိုတော့ ပိုင် လိုင်းသာပိတ်ထားတော့သည်။
~~~~~~
ထိုနေ့တုန်းက သော့်ကို သူငယ်ချင်းတွေက ပိုင်တင်ထားတဲ့ပို့စ်ကို လာပြကြသည်။ ကန်တင်းမှာကလဲ ထိုအကြောင်းဘဲ ပြောနေကြတယ်လေ။ ပြီးတော့ ပိုင်ကလည်း ပြည့်ဖြိုးသျှန်ဆိုတဲ့ ကောင်ကို ကြည့်ကြည့်နေတာကို သော်ထူးဝေ အဝေးကနေ မြင်နေရလေသည်။ ဒါကြောင့် သော်ထူးဝေ တစ်ယောက် ကန်တင်းမှာ မနေချင်တော့တာနဲ့ဘဲ ထိုင်နေရာကနေ ထထွက်လာခဲ့လိုက်သည်။သော်ထူးဝေ ကန်တင်းရဲ့ အပေါက်နားရောက်တော့ နောက်လှည့် ကြည့်လိုက်သည်။ ပိုင်တစ်ယောက် ဖုန်းကိုကြည့်ကာ ပြုံးနေသည်ကို သော်ထူးဝေ မြင်လိုက်ရတော့သည်။ သော်နဲ့ဆို ဆူပုတ်နေတဲ့သူက ပြုံးနေလေတော့ သော့်ရင်ထဲ ခံစားသွားရလေသည်။ ဒါနဲ့ဘဲ ကျောင်းပေါ်သို့ တက်သွားလိုက်တော့သည်။ ကျောင်းရင်ပြင်မှာ ထားထားတဲ့ ထိုင်ခုံမှာ သော်ထိုင်လိုက်ပြီး
"ငါဘာတွေဖြစ်နေတာလဲ၊ ငါ့စိတ်တွေက ဘာလို့ သူတို့နှစ်ယောက်ကို အာရုံစိုက်မိနေရတာလဲ၊ သူတို့ နှစ်ယောက်မဟုတ်ဘူး၊ ဘာလို့ ပိုင်ကို အာရုံစိုက်မိနေရတာလဲ။ ငါက သော်ထူးဝေပါ၊ ငါ့စိတ်တွေ
ရှုပ်လို့မရဘူး"ဆိုပြီး စိတ်ထဲ ရေရွတ်နေမိလေတော့သည်။
~~~~~နေ့လည်လောက်ရောက်တော့ ပိုင် တစ်ယောက် စာသင်ခန်းထဲမှာ အတွေးနာ်ချဲ့နေလေသည်။
“ငါဘာလို့ Facebook ပေါ်တင်မိပါလိမ့်” ဆိုပြီး ပိုင်ကိုယ့်ကိုယ်ကို ပြန်စဉ်းစားနေလေသည်။
Tagတွဲပြီး မတင်တာတောင် ကံကောင်းတယ်လို့ဘဲ ပြောရမည်။ Tagမတွဲထားတာတောင် သိတဲ့လူတွေက ပြည့်ဖြိုးသျှန်ကို မန်းရှင်းနေကြတာ။ မသိတဲ့သူတွေကလဲ "ဘယ်သူလဲ" ဆိုပြီး မေးနေတော့တာ။ LGBT supporterမမတွေကလဲ "ship mal" ဆိုတာကြီးဘဲ လိုက်မန့်ထားတော့တာဘဲ။ Tagတွဲပြီးတာ တင်လို့ကတော့ ပိုင် နေ့ချင်းညချင်းဘဲ ကျောင်းမှာ နာမည်ကြီးသွားတော့မလားဘဲလေ။
YOU ARE READING
သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]
Romanceစနောက်မှု တစ်ခုကနေပြီး ဇာတ်လမ်းစသတဲ့ကွယ်......