အခန်း(၉)

3.3K 213 30
                                    

#Unicode#

"ဟမ်......."ဆိုပြီး ပိုင်အသံ တိုးတိုး‌လေး ထွက်မိသွားသည်။ ဘာလို့ဆို သော်ထူးဝေ နာမည်က ဖုန်းမှာပါ်နေလို့ဘဲ‌လေ။ ဘာလို့ ဆက်တာပါလိမ့်ပေါ့။ choiceထားတဲ့ အပုဒ်တွေများ ပြောပြမယ် အထင်နဲ့ဘဲ ပိုင် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို စွာတေးလား"

"ဘယ်ချိန်တုန်းက စွာတေးလို့ ခေါ်ချင်နေမှန်းကို မသိဘူး" လို့ စိတ်ထဲတွေးရင်း ပြန်ဖြေလိုက်သည်။

"ပြော"

"ဘယ်မှာလဲ"

"အိမ်မှာလေ"

"ငါလာခေါ်မယ် အိမ်ရှေ့ရောက်ရင် ဖုန်းဆက်လိုက်မယ်" ဆိုတာ ပြောပြီး ချက်ချင်း‌ ဖုန်းချသွားတော့သည်။

"ဘယ်လိုဟာမှန်းမသိဘူး ပြောချင်ရာပြောပြီးရင် ချသွားတာ၊ စိတ်ကိုတိုတယ်" ဆိုပြီး ပိုင် ပွစိပွစိဖြင့် ပြောနေလေ၏။

ဒါနဲ့ဘဲ ပိုင်လည်း သော်ထူးဝေကို စောင့်ရင်း သျှန်ပို့ပေးထားတဲ့ သီချင်းကို နားထောင်နေလိုက်သည်။ သျှန်နားထောင်နေကြ သီချင်းမလို့လား မသိပါဘူး ပိုင့်နားထဲမှာတော့ နားထောင်ကောင်းလှသည်။

သီချင်းကို နားထောင်နေတုန်းမှာဘဲ ဖုန်းသံကြီးက ထမြည်လာလေသည်။ ဖုန်းဆက်လာပြီဆို‌တော့ သော်ထူးဝေ အိမ်ရှေ့ကို ရောက်နေပြီဆိုတာ ပိုင်သိလိုက်ပြီလေ။ ဒါနဲ့ အခန်းထဲကနေ ထွက်လာလိုက်သည်။ ပိုင်လည်း သူ့ကိုမြင်တော့ သူက "ဆိုင်ကယ်ပေါ်တက်" ‌ဆိုတဲ့ အထာနဲ့ ပိုင့်ကို မေးငေါ့ပြတော့သည်။ ပိုင်လည်း သူ့ဆိုင်ကယ်ပေါ် တက်လိုက်တာ‌ပေါ့။ ပြီးတော့ ဆိုင်ကယ်လေးက တစ်ရွေ့ရွေ့နှင့် ပိုင်တို့အိမ်ကနေ ထွက်ခွာသွားပြီလေ။

"ဘယ်သွားမှာလဲလို့" ပိုင် သူ့ကို အရင် မေးလိုက်တော့သည်။

"ရှပ်ရှင်သွားကြည့်မယ်၊ အပြန် မုန့်သွားစားမယ်"ဆိုပြီး ဆိုင်ကယ်မောင်းနေရင်းနဲ့ ပြန်ပြောလေသည်။

"ငါပိုက်ဆံမပါဘူး ပြန်လှည့်လိုက်၊အိမ်ပြန်သွားယူမယ်"

"ရတယ် ထားလိုက် ဒီနေ့ ငါ treat လိုက်မယ်" ဆိုပြီး သော်ထူးဝေ ပြောလာလေသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now