လမ်းမီးရောင်ကလွဲပြီး အလင်းရောင်မရှိတော့တဲ့ ညဥ့်နက်သန်းခေါင်အချိန်... အရှေ့မှ ပြေးနေသော ကောင်လေးတစ်ယောက် အနောက် အနောက်မှ လိုက်နေကြတဲ့ လူတစ်စု....
"ရှာကြစမ်း ဒီကောင် ဒီနားလေးတင်ပျောက်သွားတာ..."
အနောက်ကလိုက်လာသော အသံတို့ကြောင့် ထိုကောင်လေး နီးစပ်ရာ တိုက်ခန်းတစ်ခုထဲဝင်ပြေးမိသည်...
ပြေးတက်လာရင်း အထပ်တစ်ခုသို့အရောက်... အခန်းတံခါးတစ်ခုပွင့်နေတာကို တွေ့လိုက်ရတာမို့ ဘာကိုမှ စဉ်းစားမနေတော့ဘဲ ထိုအခန်းထဲဝင်လိုက်ကာ တံခါးကို ပိတ်လိုက်သည်...
ထိုကောင်လေးက ပိတ်လိုက်သော တံခါးကို ကျောမှီထားလိုက်စဉ်မှာပဲ မျက်စိရှေ့မှာတွေလိုက်ရတဲ့ လူတစ်ယောက်...
"အေး ခဏလေးကွာ ငါ အခုပဲထွက်လာ~... ဟင် မင်း မင်း ဘယ်သူလဲ... ငါ့ အခန်းထဲ ဘယ်လိုရောက်လာတာလဲ..."
ထိုကောင်လေးက သူ့ကို လက်ညှိုးထိုးကာ မေးနေသူကို လှမ်းဆွဲပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပိတ်ထားလိုက်သည်... ပြီးတော့ အပြင်က အသံတို့ကိုလည်း နားစွင့်ကာ နားထောင်နေမိသည်... ထိုအသံတို့ မကြားရတော့မှ သက်ပြင်းအသာချပြီး ထိုသူကို လွှတ်ပေးလိုက်သည်...
ကောင်လေး လွှတ်ပေးလိုက်တော့ ထိုသူက ကောင်လေးနဲ့ ခပ်လှမ်းလှမ်းကို ဆုတ်သွားလေသည်...
"မင်းကို ငါမေးနေတယ်လေ... မင်း ဘယ်သူလဲလို့..."
ကောင်လေးက ပြန်မဖြေ...
"ဟိတ်ဖြေလေကွာ..."
ထိုသူက မဝံ့မရဲ ကောင်လေးအနားကို ပြန်ကပ်လာကာ လက်မောင်းကို လှုပ်ကိုင်ပြီးမေးလိုက်တာကြောင့် လက်မောင်းက ဆစ်ခနဲ နာကျင်သွားရသည်... ဟိုလူတွေနဲ့ ချတုန်းက ဓားနဲ့ထိမိသွားတာကို သတိရမိသည်...
"အာ့..."
ကောင်လေး နာလို့အော်လိုက်မိတော့ ထိုသူက ကိုင်ထားတာကို အလန့်တကြားလွှတ်လိုက်ပြီး ကောင်လေးကို ကြည့်ကာ...