"ငါတို့ နှစ်ယောက် သေချာမိတ်ဆက်ရအောင်..."
သူနဲ့ Key Clubကနေပြန်လာပြီး ကားဂိတ်ကို အတူလမ်းလျှောက်သွားနေစဉ် Keyက စပြောလာသည်...
"ငါ့ နာမည်ကတော့ အခုန သူဌေးကို ပြောပြတုန်းက မင်း သိပြီးလောက်ရောပေါ့ မင်း နာမည်လည်း ငါသိတယ်... မင်း ကို ငါ Keyလို့ခေါ်မယ်လေ ရတယ်မလား..."
"ရပါတယ် မင်း နာမည် Francesscoကတော့ နဲနဲခေါ်ရခက်တယ်နော်..."
"မင်း မခေါ်ချင်လည်း မတက်နိုင်ဘူး... ငါမှာ ဒီနာမည်ပဲရှိတာ..."
"မင်းက ကိုရီးယားလူမျိုးတော့ဟုတ်ပါတယ်နော်..."
Keyက မေးရင်း သူ့ကို ကိုရီးယားလူမျိုးဆိုတာသေချာရဲ့လားဟု အကဲခတ်နေပုံရသည်...
"ဟုတ်ပါတယ်... ဘာလဲ နာမည်ကြောင့်လား... ငယ်ငယ်ထဲက ဂေဟာမှာနေတော့ ဂေဟာကပေးထားတဲ့နာမည်လေ..."
သူရော hyungပါ ဆိုးလ်က ဂေဟာကိုရောက်လာတော့လည်း ဒီနာမည်ကိုပဲပြောပြထားတာကြောင့် သူ့ရဲ့ကျောင်းနာမည်တောင် Francesscoဟုပဲ သုံးနှုန်းဖြစ်သည်... အဲ့ဒါကြောင့် သူရဲ့နာမည်အရင်း Lee Taeminဆိုတာကိုတောင် မေ့ချင်သလိုလိုဖြစ်နေပြီလေ...
"အာ ငါတောင်းပန်ပါတယ်..."
"မလိုပါဘူး..."
"ငါ့ အသက်က နှစ်ဆယ် မင်းရော ငါနဲ့ရွယ်တူပဲထင်တယ်..."
"အင်း အတူတူပဲ... ကားလာပြီ ငါသွားတော့မယ်..."
"အင်း တာ့တာ မနက်ဖန်တွေ့မယ်နော် chingu..."
သူ ကားပေါ်အတက် Keyရဲ့ chinguလို့အော်ခေါ်လိုက်သံက အရယ်အပြုံးမရှိ အေးစက်စက်နေတက်တဲ့ သူ့ကို ပြုံးမိသွားစေသည်...
Chingu.... သူဘဝမှာ ပထမဆုံး အခေါ်ခံလိုက်ရတဲ့နာမ်စား... သူမှာ ငယ်ငယ်ထဲက သူငယ်ချင်းဆိုတာမျိုးမရှိ... အမြင်အာရုံတွေ ပျောက်ကွယ်ခဲ့ရတဲ့ hyungအနားမှာပဲ hyungလိုအပ်တာတွေ ကူညီပေးရင်း တစ်ယောက်တည်း နေသားကျလာခဲ့သူမို့ တခြားသူတွေနဲ့ သိပ်မပေါင်းသင်းတက်တော့...