155 21 0
                                    

ပင်​လယ်​ကမ်းစပ်​မြို့​လေးတစ်​မြို့ရဲ့ Church​ကျောင်းဝန်းထဲမှာ ရပ်​လိုက်​တဲ့ အဖြူ ​ရောင်​ကား​လေးတစ်​စီး...

ထိုကား​လေးထဲမှ ​ကောင်​​လေးနှစ်​​ယောက်​ ဆင်းလာကာ ကား​ပေါ်မှ အထုပ်​အပိုး​တွေကို သယ်​လို့ Church​ကျောင်းဝန်း အ​နောက်​ဖက်​ထဲကို​လျှောက်​သွား​လေသည်​....

အ​နောက်​ဖက်​ရှိ ခြံဝန်းကျယ်​ကြီးထဲတွင်​​တော့ အ​ဆောက်​အအုံကြီးတစ်​ခုရှိပြီး ထိုအ​ရှေ့ရှိကွက်​လပ်​တွင်​ က​လေးငယ်​အချို့ ကစားလို့​နေ​လေသည်​....

ကောင်ေ​လးနှစ်​ယောက်​လည်း က​လေး​တွေကိုဖြတ်​​ကျော်​ကာ အ​ဆောက်​အဦးထဲသို့ ဝင်​ခဲ့လိုက်​သည်​...

"မာသာ သားတို့လာတယ်​..."

ဧည့်​ခန်းမှာထိုင်​ကာ ကျမ်းစာအုပ်​ကို ဖတ်​​နေ​သော မာသာက သူတို့ကို​တွေ့​တော့ ခရီးဦးကြိုပြု​လေသည်​....

"ဟယ်​ သားတို့ မ​တွေ့ရတာကြာပြီ​နော်​... လာထိုင်​ကြ..."

သူတို့လည်း မာသာ အနီးတွင်​​ဝင်​ထိုင်​ရင်း ပစ္စည်း​တွေကို စားပွဲ​ပေါ်တင်​လိုက်​သည်​...

"မာသာတို့အတွက်​နဲ့ က​လေး​တွေအတွက်​လိုအပ်​တာ​လေး​တွေပါ..."

"ဝယ်​မလာလဲရတာပဲ သားတို့ရယ်​ သားတို့ လစဉ်​​ထောက်​ပံ့​ပေး​နေတာပဲ​လေ..."

"သားတို့က ဝယ်​လာချင်​လို့ပါ...."

"သားတို့ အလုပ်​အကိုင်​​တွေ​ရော အဆင်​​​ပြေကြရဲ့လား..."

"ဟုတ်​ အဆင်​​ပြေပါတယ်​...."

"မာသာ သားတို့ ကူညီ​ပေးစရာမရှိဘူးလား..."

"မရှိဘူး သားတို့... ​ရောက်​တုန်း ​အေး​ဆေးနား​နေ​နော်​..."

မာသာက အထုပ်​တွေကိုယူကာ ထသွား​လေသည်​....

"Daddy.... Appa..."

"သမီး​လေး...."

သူတို့နှစ်​​ယောက်​ထံသို့ ​ပြေးလာတဲ့ ခုနှစ်​အရွယ်​​ကောင်​မ​လေးတစ်​​ယောက်​...

သမီး​လေးက ​ပြေးလာကာ hyung​ပေါင်​​ပေါ်ကို ​တက်​ထိုင်​​လေသည်​....

Reflection [Zawgyi/Unicode]Where stories live. Discover now