㈡㈩㈨

83 12 0
                                    

ဒီ​နေ့က​တော့ ကိုကိုနဲ့သူ dateဖို့ ချိန်းထားသည်​.... ကိုကိုဆိုတာက လူကြီးကို ​ပြောတာ​လေ.... သူ သိပ်​​ခေါ်ချင်​တဲ့ ထိုနာမ်​စားကို ​ခေါ်ချင်​​နေခဲ့တာ သိပ်​ကြာခဲ့ပြီ​လေ...

ဒါ​ကြောင့်​လည်း လွန်​ခဲ့တဲ့ နှစ်​ရက်​က စပြီး​ခေါ်ဖြစ်​ခဲ့တာ.... ကိုကို့မှာ သူ အခု​လို​ခေါ်လိုက်​တာနဲ့ ပတ်​သတ်​ပြီး အံ့သြလို့ ​တွေ့တဲ့​နေ့ကြရင်​ မလွယ်​ဘူးဆိုတာကလည်း ​ပြောလိုက်​​သေးတယ်​.... ဖုန်းထဲက​နေမို့လို့လည်း သူ​ခေါ်ရဲခဲ့တာ....

Dateက​တော့ ဟိုတရက်​က မလုပ်​လိုက်​ရတဲ့ dateအစား​ပေါ့....

အဝတ်​အနည်းငယ်​သာရှိတဲ့ ဘီဒို​ရှေ့ သူ အလုပ်​​တွေရှုပ်​​နေမိသည်​....

"ချာတိတ်​...."

အိမ်​တံခါး အပြင်​က​နေ လှမ်း​အော်​​နေတဲ့ ကိုကို့ကို တံခါးသွားဖွင့်​​ပေးလိုက်​သည်​....

"​ဟောဗျာ ဘာမှလည်း မပြင်​ရ​သေးဘူးလား...."

"ဟီးး ဟုတ်​တယ်​ လူကြီး​ရေ...."

"ဘယ်​လို​ခေါ်လိုက်​တယ်​ ဖုန်းထဲမှာ​တော့ အဲ့လို​ခေါ်တာဟုတ်​လို့လား...."

ပြုံးစစနဲ့ ​မေး​နေတဲ့ ကိုကို့​ကြောင့်​ သူရှက်​လာသည်​....

"ဟုတ်​တယ်​​လေ အဲ့လိုပဲ​ခေါ်တာ..."

"မဟုတ်​ပါဘူး ကိုကိုဆိုလားပဲ.... ကိုကိုလို့ပဲ ​ခေါ်ပါကွာ ချာတိတ်​ရဲ့ ကိုကိုလို့​ခေါ်သံကို အပြင်​မှာကြားချင်​​နေတာ... ​​ခေါ်ပါကွာ...."

က​လေးတစ်​​ယောက်​လို ပူဆာ​နေတဲ့ ကိုကို့ကို ကြည့်​ပြီး သူရယ်​ချင်​လာသည်​....

"ကိုကို ရပြီလား...."

"​​နောက်​တစ်​​ခေါက်​​လောက်​...."

"ကိုကို ကိုကို.... ကိုကို... ​တော်​ပြီ အင်္ကျီသွားလဲ​တော့မယ်​...."

လှည့်​ထွက်​​တော့မယ့်​ သူ့လက်​ကို လှမ်းဆွဲတဲ့ကိုကို....

"ချာတိတ်​ ခဏ... ဒီမှာ​ရော့ ချာတိတ်​အတွက်​.... couple​ဝတ်​စုံ​တော့ မဟုတ်​​ပေမယ့်​... ဒါ​လေးဝတ်​လိုက်​​နော်​...."

Reflection [Zawgyi/Unicode]Where stories live. Discover now