*ဟိုလူကြီး အခုတလော မလာပါလား... ဘာဖြစ်လို့လည်းမသိဘူး... နေမကောင်းလို့များလား... အာာ နေမကောင်းလည်း သူကဆရာဝန်ပဲ သူ့ဟာသူကုလို့ရတာ ငါက ဘာလို့စိတ်ပူရမှာလဲ....*
သံယောဇဉ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းသည်... ပုံမှန်လာနေတဲ့လူတစ်ယောက် တစ်ပတ်လောက် မလာပဲပျောက်သွားတာကို သတိသရဖြစ်နေမိတဲ့ သူ့စိတ်ကိုသူ အံ့သြနေမိသည်...
"chinguရေ chingu...."
အိမ်ထဲမှာ သူတစ်ယောက်တည်း အတွေးလွန်နေတုန်း Keyရဲ့ အော်ခေါ်သံကြောင့် သူ တံခါးထဖွင့်ပေးလိုက်သည်...
"ဟီးးး ယောက်ဖ.... ငါလာတယ်.... မနက်ထဲကလာမလို့ ကိစ္စလေးရှိနေလို့..."
လက်ထဲမှာ အထုပ်အပိုးအပြည့်နဲ့ သူ့ကို ရယ်ပြပြီးခေါ်လိုက်တာက ယောက်ဖတဲ့... Key ဘာစိတ်ကူးပေါက်လို့လဲမသိ အခုတလော သူ့ကို ယောက်ဖလို့ တအားခေါ်တာပဲ... Keyမှာ ညီမရှိနေတာ အခုလိုခေါ်တာတော့ မသင့်တော်ဘူးမလား...
သူတောင် ဝင်လို့မပြောရသေးဘူး သူ့အိမ်သူ့ယာလို ဝင်သွားတဲ့ Keyက hyungအခန်းထဲတောင် ရောက်လို့နေပြီ....
တစ်ပတ်တစ်ရက် အလှည့်ကျနားရက်ရသော သူတို့အလုပ်မှာ လွန်ခဲ့သော တစ်လက ရခဲ့သော နားရက်တွင် သူနဲ့ Key တိုက်ဆိုင်စွာ တူညီခဲ့သည်လေ...
အဲ့ဒီနေ့က Keyက သူ့အိမ်ကိုလိုက်လည်ခဲ့ပြီး hyungနဲ့လည်း အတော်ခင်သွားခဲ့တာ... နောက်ပိုင်းမှာတော့ Keyက နားရက်တွေတိုင်း သူနဲ့မတိုက်ဆိုင်ရင်တောင် အိမ်လာပြီး hyungနဲ့ စကားပြောလေ့ရှိသည်...
ဒီနေ့ကတော့ သူရော Keyပါ နှစ်ယောက်လုံးပိတ်ရက်....
"Hyung ဒီမှာ hyungအတွက်မုန့်တွေ..."
"ဝယ်မလာလဲရတာပဲ Keyရယ်..."
"Chingu မင်း ကိစ္စရှိရင် သွားလို့ရတယ်နော်... ငါ hyungနဲ့ရှိနေပေးမယ်...."
"ငါက ဘာလို့ အပြင်သွားရမှာလဲ... ပိတ်ရက် အိမ်မှာပဲနေမှာ..."