㈩㈢

123 15 0
                                    

*Beep beep*

ကား​မောင်း​နေသည်​မို့ ဝင်​လာ​သော messageတို့ကို Minhoဖွင့်​မကြည့်​အား သုံး​လေးကြိမ်​ဆက်​တိုက်​ဝင်​လာ​နေတာကို​တော့ Minhoသိသည်​....

အိမ်​​ထဲကို​ရောက်​​တော့မှပဲ ဝင်​ကြည့်​လိုက်​​တော့ Hyungထံမှ messageများ...

📩က​လေး ဒီ​နေ့ offမလား...📩

📩Hyung ည​နေပိုင်း​လောက်​လာ​ခေါ်မယ်​... Hyung က​လေးကို ပြစရာ​လေးရှိလို့...📩

📩က​လေး မအားလို့လား replyလည်းမပြန်​ဘူး...📩

📩က​လေး အားရင်​ဖုန်းပြန်​ဆက်​ဦး​နော်​...📩

ထို messageကို အလုံးစုံ ဖတ်​ပြီး​နောက်​ hyung ဆီကို ဖုန်း​ခေါ်လိုက်​သည်​...

ခဏအကြာမှာ​တော့ ဖုန်းဝင်​သံနှင့်​အတူ hyungရဲ့ ပြန်​ထူးသံ...

📱 Hello က​လေး​ပြော....📱

📱 ​Hyung ပြောရမှာ မဟုတ်​ဘူးလား...📱

📱ဟား ဟား ဟုတ်​ပါပြီ hyung​ပြောရမှာ... က​လေးကို ည​နေပိုင်း hyungလာ​ခေါ်မယ်​ အသင့်​​စောင့်​​နေ​နော်​...📱

📱ဘယ်​အချိန်​လဲ အတိအကျ​ပြော...📱

📱အင်း ​ခြောက်​နာရီ​ကျော်​​လောက်​...📱

📱ဟာ hyungကလည်း အခုပဲ ​လေးနာရီ​ကျော်​​နေပြီဟာကို... ​စော​စောမ​ပြောဘူး...📱

📱Hyung message​တွေပို့ထားတာပဲ​လေ...📱

📱အင်း ပြီး​ရော လာ​ခေါ်လိုက်​ ​စောင့်​​နေမယ်​... ဒါပဲ​နော်​ hyung...📱

Hyungနဲ့ ဖုန်း​ပြောပြီးတာနဲ့ သူ ဆိုဖာမှာတင်​ ခဏလှဲလိုက်​သည်​... Onew hyungနဲ့ စကား​ပြောရင်းအချိန်​ကုန်​ခဲ့တာ​ကြောင့်​ ဒီ​နေ့အတွက်​ သူ မနားရ​သေးဘူး​လေ...

ခြောက်​နာရီမှ hyungလာ​ခေါ်မယ်​လို့​ပြောထားတာ​ကြောင့်​ သူ ခဏ​တော့ အိပ်​လို့ရ​သေးသည်​​လေ....

"က​လေး က​လေး ထ​တော့​လေကွာ..."

"အာ ဘယ်​သူလာနှိုး​နေတာလဲ... ခဏ ခဏ​လောက်​အိပ်​ဦးမယ်​..."

နှုတ်​ခမ်းဆူကာ​ပြောလို့ ဆိုဖာ​နောက်​မှီဘက်​ကိုလှည့်​ကာ ပြန်​အိပ်​သွား​သော က​လေးကို Jonghyun မနှိုး​တော့ပဲ ဒီအတိုင်းသာ ထိုင်​ကြည့်​​နေမိ​တော့သည်​... က​လေး ပင်​ပန်းလာတယ်​ထင်​ပါရဲ့....

Reflection [Zawgyi/Unicode]Where stories live. Discover now