"Fran...."
Taemin အလုပ်ဆင်းတော့ Keyနဲ့အတူဆိုင်အပြင်ကို ထွက်လာတုန်း ခေါ်သံကြားလို့ လိုက်ရှာကြည့်လိုက်မိသည်....
"Hi Fran... ငါ ဒီမှာ..."
ဆိုင်အပြင်နံရံကို စတိုင်လ်ကျစွာခပ်လျော့လျော့မှီ နှုတ်ခမ်းမှာလည်း ဆေးလိပ်ကိုခဲထားပြီး လက်တစ်ဖက်ကိုမြှောက်လို့ သူ့ကို နှုတ်ဆက်ကာ လှမ်းခေါ်နေသော Kai
"Kai..."
Kaiရှိရာသို့ Taemin လှမ်းသွားလိုက်တော့ ဘေးနားကနေလိုက်ပါလာတဲ့ Key...
"Fran ငါ မင်းနဲ့ပြောစရာရှိလို့ ငါနဲ့ ခဏလိုက်ခဲ့ပေးနိုင်မလား..."
Kaiက သူ့ဘေးနားမှာ ရပ်နေတဲ့ Keyမမြင်အောင် မျက်စပစ်ပြရင်း သူ့ကိုပြောလာသည်... ကြည့်ရတာ Keyကို အတူရှိနေစေချင်ပုံမပေါ်....
"Key... မင်း အရင်ပြန်နှင့်လိုက်တော့... ငါ့ သူငယ်ချင်းနဲ့ ခဏလိုက်သွားလိုက်အုံးမယ်...."
"ဟို ဟို... မင်းတစ်ယောက်တည်း ဖြစ်ပါ့မလား..."
ခပ်မိုက်မိုက်လူဆိုးတစ်ယောက်ပုံဖြစ်နေသော Kaiကို ကြည့်ကာ Keyက သူ့အတွက် စိတ်မချသည့်ဟန် မေးလာသည်...
Keyလို ပျော့တိပျော့ဖတ် လူကောင်လေးက သူ့အတွက် စိတ်ပူပေးနေတာကိုတွေးမိပြီး သဘောကျစွာ သူ နှုတ်ခမ်းတွန့်ရုံ မသိမသာလေး ပြုံးလိုက်မိသည်... တစ်ဆက်တည်းမှာလည်း Keyရဲ့ သူ့အပေါ်ထားတဲ့ စိတ်ပူစိတ်တို့ကိုလည်း သူမြင်လိုက်ရ၍ Keyက သူ့ကို တကယ်ခင်တာပါလားဟု သူသိလိုက်ရသည်လေ....
"ရပါတယ်... Kaiက ငါ့ သူငယ်ချင်းပါကွာ... မင်းရော တစ်ယောက်တည်းပြန်လို့ အဆင်ပြေရဲ့လား..."
"ပြေပါတယ်... ငါသွားတော့မယ် chingu... တာ့တာ..."
"အေး..."
ကလေးတစ်ယောက်လို လက်နှစ်ဖက်ဖြင့် တာ့တာပြလို့ သူ့ကိုနှုတ်ဆက်ကာ ထွက်သွား Keyကို တစ်ချက်ကြည့်လိုက်ပြီးမှ သူ Kaiဘက်ကို ပြန်လှည့်လိုက်သည်....