㈩㈨

101 12 0
                                    

မာမီ ဆုံးပြီး​နောက်​ပိုင်း သူ ဒီအိမ်​ကြီးကို ပထမဆုံးအကြိမ်​​ပြန်​​ခြေချမိခြင်းဖြစ်​သည်​....

"အကို​လေး ​ရောက်​လာပြီလား...."

ဘယ်​​လောက်​ပဲပြင်​​ခေါ်ခိုင်း ​ခေါ်ခိုင်း အကို​လေးဟုသာ ​ခေါ်​နေ​သော အိမ်​​တော်​ထိန်းparkကို သူ ​ခေါင်းသာငြိမ့်​ပြလိုက်​သည်​....

"ဦး​လေးpark hyungကို​တော့ သိပြီးသားေ​နမယ်​... ဒီသမီး​လေးက ကျွန်​​တော်​တို့ရဲ့သမီး​လေးပါ..."

"မမကြီး နာ​ရေးတုန်းက ဦး​လေးမြင်​ဖူးပါတယ်​.... ​အေး​ဆေး​နေကြဦး​နော်​... ပြီးမှ ​ပြောကြတာ​ပေါ့​ အကို​လေး အချိန်​ရတယ်​မလား..."

"ဟုတ်​ကဲ့ ဦး​လေးpark...."

သူ ​ခေါင်းငြိမ့်​ကာ အ​ဖြေ​ပေးလိုက်​​တော့ သူ့ကို အရို​သေ​ပေးကာ ထွက်​သွား​သော ဦး​လေးparkဟာ သူတို့ရဲ့ အိမ်​​တော်​ထိန်းလည်းဟုတ်​သလို လက်​ရှိ မာမီတို့ပိုင်​ ကုမ္ပဏီကို ဦးစီးလုပ်​ကိုင်​​နေသူလည်းဖြစ်​သည်​....

"လာ သမီး​လေး.... hyung​ရောပဲ... ကျွန်​​တော်​ အရင်​က​နေခဲ့တဲ့ အခန်းကိုလိုက်​ပြမယ်​...."

သမီး​လေးကိုချီ hyungကိုခေါ်ကာ မာမီရှိစဉ်​ သူ ဒီအိမ်​မှာ​နေခဲ့တုန်းက သူ့အခန်းကို လိုက်​ပြခဲ့သည်​....

အရင်​က သူ့ ပစ္စည်းများ ပရိ​ဘောဂပစ္စည်းများဖြင့်​ရှိ​နေ​သောအခန်းက သူ့ အသုံးအ​ဆောင်​ပစ္စည်းများမရှိ​တော့တာကလွဲလို့ အရင်​ပုံစံအတိုင်းလက်​ရာမပျက်​ရှိ​နေဆဲပါ...

"Hyung​နေဦး​နော်​ ကျွန်​​တော်​ မာမီ့ အခန်းဘက်​သွားလိုက်​ဦးမယ်​...."

အခန်းကို လှည့်​ပတ်​ကြည့်​​နေတဲ့ hyungနဲ့ သမီး​လေးကို ထားခဲ့ပြီး သူ မာမီ့အခန်းရှိရာကို ထွက်​လာခဲ့လိုက်​သည်​....

မာမီ့အခန်းကလည်း မာမီရှိ​နေစဉ်​ကအတိုင်း ပုံစံမပျက်​....

ဤအိမ်​ကြီးမှာ ​နေထိုင်​သူတစ်​ဦးတစ်​​ယောက်​မှ မရှိ​ပေမယ့်​လည်း ဦး​လေးpark၏ ထိန်းသိမ်းမှု​ကြောင့်​ အရင်​အတိုင်းရှိ​နေခြင်းဖြစ်​သည်​....

Reflection [Zawgyi/Unicode]Tempat cerita menjadi hidup. Temukan sekarang