Minho's POV....
*တီ တီ*
သူ ကားဟွန်းတီးလိုက်တော့ စက်ဘီးလေးရပ်ကာ လှည့်ကြည့်လေတဲ့ ချာတိတ်...
သမီးလေးကို ခွဲစိတ်ဖို့ကိစ္စ... ခွဲစိတ်ပြီးတော့လည်း သမီးလေးကို စိတ်ချရတဲ့ အခြေနေရောက်သည် အထိ သူတစ်လှည့် hyungတစ်လှည့် စောင့်ရှောက်ပေးနေရတာကြောင့် ချာတိတ်တို့ဆီ မရောက်ဖြစ်တာ အတော်ကိုကြာသွားခဲ့သည်လေ....
အခုလည်း ရတဲ့အချိန်ခဏလေးမှာ ချာတိတ်တို့နဲ့တွေ့ရအောင် သူထွက်လာခဲ့ခြင်းဖြစ်ပြီး.... ချာတိတ် သတင်းစာပို့နေကြ သူနဲ့ဆုံခဲ့တဲ့နေရာမှာစောင့်နေခြင်းဖြစ်သည်....
သူ ကားပေါ်က ဆင်းလိုက်သည်အထိ သူ့ကိုကြည့်နေသော ချာတိတ်ရဲ့ မျက်ဝန်းတွေဟာ အံ့သြခြင်း မယုံနိုင်ခြင်း စသည်တို့ဖြင့် ပြည့်နှက်နေလေသည်...
"ချာတိတ် နေကောင်းတယ်နော်...."
သူ့မေးခွန်းကို ခေါင်းလေးသာငြိမ့်ပြလေသည်...
"ကိုယ် သတိရလို့လာခဲ့တာ.... hyungရော နေကောင်းတယ်မလား...."
"ခင်ဗျား ကားကိုထားခဲ့ပြီး ကျွန်တော်နဲ့ ခဏလိုက်ခဲ့..."
"ဟင်!..."
သူ မေးတာကတစ်ခု ချာတိတ်ပြန်ပြောတာက တစ်ခု...
"မြန်မြန်လုပ်ဗျာ..."
စိတ်မရှည်တော့ဟန် လေသံတို့ကြောင့် သူ နားမလည်နိုင်ပေမယ့် ချာတိတ် ပြောတဲ့အတိုင်းလုပ်ရန် ကားကို သော့ပိတ်ကာထားခဲ့ဖို့လုပ်ရလေသည်.... ကားသော့မပိတ်ခင် ဆေးရုံမှ ဝယ်လာသော ကော်ဖီပူပူလေးနှစ်ခွက်ကို ကားထဲမှ ယူရသေးသည်....
"ပြီးပြီလား တက်တော့..."
စက်ဘီးနောက်ခုံလေးကို မေးငေါ့ပြသည်မို့ သူ တက်ထိုင်လိုက်သည်.... သူထိုင်လိုက်သည်နှင့် စက်ဘီးကိုနင်းထွက်သွားတဲ့ချာတိတ်ကြောင့် လက်တစ်ဖက်က ချာတိတ်ရဲ့ ခါးထက်နေရာယူလိုက်ရသည်.... ကျန်လက်တစ်ဖက်ကတော့ ကော်ဖီခွက်တို့ကို သေချာကိုင်ထားရသည်လေ... လက်ထဲက ကော်ဖီနှစ်ခွက်ကကိုင်းဆွဲလေးနဲ့ ထည့်ပေးထားသည်မို့တော်သေးသည်....