㈡㈩㈤

91 11 0
                                    

"Kai.... ငါ့ကို တစ်​ခုကူညီ​ပေး...."

"အင်း​ပြော​လေ Fran ငါ ဘာကူညီ​ပေးရမလဲ...."

အကူအညီ​တောင်းခဲ​သော Fran​ကြောင့်​ Kai ဝမ်းသာအားရ ပြန်​​ဖြေမိ​ပေမယ့်​လည်း Franက​တော့ ​ပြောဖို့ခက်​ခဲ​နေပုံ....

ညဘက်​ကြီး မိုးချုပ်​မှ ပြန်​​ရောက်​လာတဲ့ Franက ​ပြောစရာရှိသည်​ဟုဆိုကာ အိမ်​​ရှေ့အပြင်​​ရှေ့ကို ​ခေါ်ထုတ်​လာခဲ့တာ....

"ငါနဲ့ hyungအ​ကြောင်းကို ဘယ်​သူမှလိုက်​စုံစမ်းလို့မရ​အောင်​ မင်း ကူညီ​ပေးပါ...."

"ဘာလို့လဲ Fran.... ငါ့ကို​ပြောပြနိုင်​မလား...."

"....."

"ငါက မင်း သူငယ်​ချင်း အရင်းကြီးပါကွာ.... မင်းမှာ ငါမသိတဲ့ ဘာကိစ္စ​တွေဖြစ်​လာလို့လဲ... ငါ့ကို​ပြောပြပါ Fran...."

"ဟင်းးး!...."

သက်​ပြင်းအရှည်​ကြီးချလိုက်​တဲ့ Fran... ဘာ​တွေများစိတ်ဒုက္ခ​ရောက်​​နေရတာလဲကွာ....

"မင်း စိတ်​ထဲမှာထားတာထက်​.... ဖွင့်​​ပြောလိုက်​ရင်​ မင်း စိတ်​​တွေ နည်းနည်း​တော့ သက်​သာသွားလိမ့်​မယ်​ Fran..."

"ငါ ​ပြောပြပါ့မယ်​.... ငါ မင်းကို တမင်​မ​ပြောခဲ့တာ​တော့မဟုတ်​ဘူး Kai... ငါကိုယ်​တိုင်​ သေချာပြည့်​ပြည့်​စုံစုံ မသိရတဲ့ဘဝကို ​မေ့ပစ်​ချင်​လို့..."

"အင်း...."

ဘာကို​ပြောချင်​​နေမှန်း မသိ​ပေမယ့်​လည်း Kai ​ခေါင်းကို သာငြိမ့်​ပြမိ၏....

"ငါ ငါက​လေ.... Lee Groupရဲ့ သားအငယ်​တဲ့​လေ.... အဟက်​ ဒီအ​ကြောင်း​တွေ အခုမှ ဘာလို့သိရတာလဲ...."

Franတစ်​​ယောက်​ သူ့ကိုယ်​သူ​ပြော​နေတာလား Kaiကို​ပြောပြ​နေတာလားဆိုတာကို Kaiနားမလည်​​တော့​ပေ.... ဘာ​တွေ​ပြော​နေလဲဆိုတာကိုလည်း မသိ​တော့​ပေ....

Fran​ပြောတဲ့ Lee Groupဆိုတာကို​တော့ Kaiသိသည်​.... Koreaရဲ့ Top 5 စီးပွား​ရေးလုပ်​ငန်း​တွေထဲက တစ်​ခုဖြစ်​သည်​....

"Fran?..."

"ဒီလို Kai.... ငါ ဒီ​နေ့ လူကြီးနဲ့ တစ်​​နေရာကို လိုက်​သွားခဲ့တယ်​.... အဲ့​နေရာက Lee Groupက ပိုင်​တဲ့ စား​သောက်​ကုန်​စက်​ရုံဖြစ်​​နေတယ်​​လေ.... ပြီး​တော့ ထပ်​သိခဲ့ရတာက လူကြီးက Lee Groupရဲ့ ဥက္ကဌတဲ့​လေ အံ့သြစရာ မ​ကောင်းဘူးလား...."

Reflection [Zawgyi/Unicode]Where stories live. Discover now