"ရော့ လူကြီး မြည်းကြည့်...."
သူ လုပ်လာခဲ့တဲ့ ကွတ်ကီး မုန့်လေးတွေကို လူကြီးရှေ့ကိုချပေးလိုက်သည်.... သူနှင့်အတူ ဦးလေးparkကလည်း ဘေးမှာဝင်ထိုင်လေသည်....
သူချပေးတဲ့ ကွတ်ကီးမုန့်တစ်ခုကို ယူကာ တစ်ကိုက်ကိုက်ကြည့် အရသာခံကြည့်နေတဲ့ လူကြီးထံမှ အဖြေကို သူ ရင်ခုန်စွာ စောင့်စားနေမိသည်....
"အင်း အရင်ကထက်စာရင် အများကြီးကွာသွားပြီ.... ဦးလေးparkရော ဘယ်လိုထင်လဲ...."
ကောင်းတဲ့ အဖြေကိုကြားရတာမို့ တော်သေးသည်.... ဘာပဲဖြစ်ဖြစ် သူ လူကြီးကို စိတ်မပျက်စေလို....
"ဦးလေးလည်း အခုနက မြည်းကြည့်ပြီးပြီ... စိမ့်စိမ့်လေးနဲ့ စားလို့တကယ်ကောင်းတာ..."
"အဲ့ဒါဆို သူ့ကို ထုတ်လုပ်ရေးသုတေသနပိုင်းမှာ ဝင်လုပ်ခိုင်းလို့ရမလား..."
"ဦးလေးကတော့ ကိစ္စမရှိပါဘူး.... ကျန်တဲ့ သူတွေကသာ...."
"ကျွန်တော် တာဝန်ယူတယ်ဆိုရင်တော့ ဖြစ်မှာပါ.... ချာတိတ်က ကိုယ့်ကို စိတ်မပျက်စေဘူးမလား..."
"ဟင်!.... အင်း...."
ဘာမှန်းမသိတဲ့ စကားတို့ကို သူ ခေါင်းသာငြိမ့်ပြဖြစ်၏....
"Ok ဒါဆို နောက်နေ့က စပြီး ချာတိတ် ဒီမှာ အလုပ်ဆင်းရမယ်နော် ဟုတ်ပြီလား... ဦးလေးpark မုန့်ကိုတော့ ချာတိတ်လုပ်ခဲ့တဲ့ အချိုးအစားတိုင်းပဲထုတ်လိုက်တော့... အရင်ဈေးကွက်မှာ ချထားတာတွေကို အခုထုတ်မယ့် ထုတ်ကုန်အသစ်နဲ့ အကုန်ပြန်လဲပေးဖို့ပါလုပ်လိုက်ပါ ဦးလေးpark...."
ဦးလေးparkကို ညွှန်ကြားနေတဲ့ လူကြီးကို သူ ဘာမှပြန်မပြောနိုင်ပဲ လိုက်သာကြည့်နေမိတော့သည်.... အခုလိုကျပြန်တော့လည်း မြင်နေကျ ဆရာဝန်ပုံစံနဲ့မတူကွဲပြားစွာ လုပ်ငန်းရှင်တစ်ဦးရဲ့ ဟန်အပြည့်တို့ဖြင့် သူမြင်တွေ့နေရသည်....