တစ်ညလုံး အရေးပေါ်အခန်းထဲရောက်လာတဲ့ လူနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တာ အားလုံးပြီးတော့ ကြည့်လိုက်ချိန်မှာ မနက်လေးနာရီ...
"ဟူး တစ်ညတော့ပြီးသွားပြီ..."
ဒီအလုပ်က ပင်ပန်းပေမယ့်လည်း သူပျော်သည်... သူကိုယ်တိုင် သဘောကျလို့ ရွေးချယ်ထားတဲ့ အရေးပေါ်ဌာန... ဆိုးလ်မြို့ရဲ့နာမည်ကြီးဆေးရုံ သူ့ကိုပေးအပ်လာတဲ့ရာထူးက VIPတွေအတွက် အထူးကု... ဒါပေမယ့် သူငြင်းခဲ့တယ်....
အဲ့ဒီ့ရာထူးဆိုတာ သူ့အတွက်မလိုအပ်ဘူး... အရေးပေါ်ဌာနကို ရောက်လာမယ့် လူနာတွေကို အချိန်မီကယ်နိုင်ရေးသာ သူ့အတွက်အရေးကြီးတယ်...
ဒါဟာ သူအဖြစ်ချင်ဆုံးဆန္ဒ... တစ်စုံတစ်ယောက်ရဲ့ ဆန္ဒနဲ့လည်း ထပ်တူကျလို့နေသည်လို့ပြောလို့ရသလို... တစ်စုံတစ်ယောက်က ဖြစ်ချင်တဲ့ ဆန္ဒကို သူဖြစ်အောင် ကြိုးစားခဲ့တာလို့လည်း ပြောလို့ရသည်...
ထိုတစ်စုံတစ်ယောက်ဆိုသည်မှာတော့ သူ့ရဲ့ hyung... မကြာခင် သူရဲ့ သက်ဆိုင်သူဖြစ်တော့မယ့် hyung....
"ဆရာ ပြန်တော့မှာလား..."
ဒီနေ့က သူ့ဂျူတီနေ့မဟုတ်တာကြောင့် ဂျူတီချိန်းတဲ့အချိန်ထိ သူနေစရာမလိုပေ ဒါကြောင့် သူ အဝတ်အစားလဲပြီး အိမ်ပြန်ရန် ပြန်ထွက်လာတော့ သူနာပြု Kimက လှမ်းနှုတ်ဆက်လေသည်...
"ဟုတ်ကဲ့ သူနာပြု Kim..."
"ပင်ပန်းသွားခဲ့ပါပြီ ဆရာ..."
"Nae သူနာပြုKimရောပဲ..."
သူကားဆီကို လှမ်းလာရင်း... ညက သူ့အိမ်ထဲဝင်လာသော ကောင်လေးကို သတိရမိသွားသည်... ကောင်လေး ဒီအချိန်လောက်ဆိုပြန်သွားလောက်ရောပေါ့...
သူ အိမ်လည်းမပြန်ချင်သေးတာကြောင့် သူ့ဖုန်းထဲက no;တစ်ခုဆီသို့ messageပို့လိုက်ရင်း သူ့ရဲ့ ကားလေးကို မောင်းထွက်ခဲ့လိုက်သည်....
Lucifer Bar
မီးလေး မှိန်ပြပြသာထွန်းထားတော့တဲ့ Barဆိုင်လေးက ဧည့်သည်တွေ မရှိတော့ကြောင်းပြနေလေရဲ့...