"Chin.... chin gu...."
သူ အလုပ်ကနေပြန်ရောက်တော့ ည အတော်တောင် မိုးချုပ်နေပြီ... သူ အလုပ်စဝင်ပြီး တစ်ပတ်နောက်ပိုင်း အသစ်ထုတ်မယ့် အစားအသောက်အတွက် ကြိုးစားနေရတာကြောင့် တချို့ ရက်တွေဆို အိမ်ကိုမပြန်ဖြစ်တဲ့နေ့တွေတောင်ရှိတယ်....
ဒီကြားထဲ လူကြီးတက်ခိုင်းတဲ့ သင်တန်းအချို့ကိုလည်း ပြေးတက်ရသေးသည်.... ဘွဲ့တောင်မရသေးတဲ့သူ့ အဖို့တော့ သေအောင်ကြိုးစားမှ တော်ကာကျမည်လေ.... အလုပ်မှာတောင် လူကြီးကြောင့် ဝင်လာတယ်ဆိုပြီး ပြောချင်နေကြတဲ့ သူတွေကလည်း ခပ်များများရယ်...
ဒာကြောင့် လူကြီးမျက်နှာမပျက်စေရန် သူ အစွမ်းကုန်ကြိုးစားနေရသည်.... သူ့ကြောင့်နဲ့ လူကြီးကို အပြစ်တင်ပြောဆိုကြမှာ သူ မလိုလားဘူး...
ဒီနေ့တောင် မပြန်တာကြာပြီ ဖြစ်သောကြောင့် သူပြန်လာခဲ့တာ.... Kaiက ပြန်သွားတော့ အိမ်မှာလည်း hyungနဲ့ Keyနှစ်ယောက်တည်းကျန်ခဲ့သည်လေ.... အခု အိမ်ထဲဝင်ဝင်ချင်း သူ့ကိုစောင့်နေပုံရသော Keyရဲ့ စိတ်လှုပ်ရှားနေသော အသံ....
"အင်း ပြောလေ Key...."
"အ အခုပဲ.... Minho hyungဖုန်းဆက်တယ်.... hyung မျက်စိခွဲစိတ်ဖို့ ကိစ္စအဆင်ပြေတယ်တဲ့...."
အသံမကျယ်အောင် ဂရုတစိုက်ပြောနေသည်ကြောင့် hyungအိပ်နေပြီမှန်း သူသိလိုက်သည်....
"ဘယ်လို....."
သူ အင်္ကျီလဲနေရင်းမှ Keyဘက်ကို ပြန်လှည့်ကြည့်ကာ မေးလိုက်သည်.... သူ သိချင်တာ လူကြီး ဒီကိစ္စဘယ်လိုသိသွားတာလဲ....
"ဟုတ်တယ် ငါ hyungအတွက် ဆေးရုံသွားပြီး သွားစုံစမ်းရင်း Minho hyungနဲ့တွေ့ပြီး hyungက သူ အားလုံးလုပ်ပေးမယ်ဆိုတာနဲ့ ငါလည်း ခေါင်းငြိမ့်ခဲ့တာ...."
ဝမ်းသာအားရဖြစ်နေပုံရသော Keyကို သူ ဘာမှ မပြောဖြစ်တော့....
![](https://img.wattpad.com/cover/161481455-288-k358484.jpg)