"အကိုလေး မမကြီးရဲ့ သားတွေကို ပြန်ရှာတွေ့ပြီ...."ဟု...
ဦးလေးparkထံမှ ဖုန်းလာ,လာချင်း Minhoနဲ့ hyung ဦးလေးparkဆီ အပြေးသွားမိသည်...
"ဦး ဦးလေး.... သေ သေချာလား...."
စိတ်လှုပ်ရှားလွန်းလို့ စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ သူ့လက်တို့ကို hyungက ဆုပ်ကိုင်ပေးထားသည်....
"ဟုတ်တယ် အကိုလေး... ဒီမှာ DNAစစ်ထားတဲ့ စာရွက်ပါ...."
သူရှေ့က ဖန်စားပွဲပေါ်ချပေးထားတဲ့ စာရွက်ကို ယူကြည့်လိုက်သည်.... 99.99%ဆိုတာက မာမီ့သားဖြစ်ကြောင်း သက်သေပြနေသည်.... ဦးလေးparkဆိုတာကလည်း မယုံရတဲ့သူမှ မဟုတ်တာလေ....
"ဦးလေး သူတို့နဲ့ တွေ့ပြီးပြီလား..."
"တွေ့ပြီးပါပြီ အကိုလေး... သားကြီးရော သားငယ်လေးရော ငယ်ရုပ်မပျောက်ကြဘူး..."
အင်းပေါ့... ဦးလေးparkက ထိန်းလာတဲ့သူပဲ ပိုသိမှာပေါ့လေ....
"သူ သူတို့ ဘယ်မှာလဲ ဦးလေး... ကျွန်တော်တွေ့ချင်တယ်...."
"ကုမ္ပဏီနှစ်ပတ်လည် အစည်းဝေးကျရင် တွေ့ရပါလိမ့်မယ် အကိုလေး.... အခုတော့ တွေ့လို့မရသေးပါဘူး.... ဒါကလည်း သားငယ်လေးရဲ့ တောင်းဆိုချက်ပါ.... သူတို့အကြောင်းကို အခုလောလောဆယ် ဘယ်သူမှ မသိအောင် လျို့ ဝှက်ထားပေးပါဦးတဲ့... .."
"ဟုတ်ကဲ့ပါ.... သူတို့သေချာတယ်ဆိုရင် နှစ်ပတ်လည်း အစည်းဝေးမတိုင်ခင် ရှေ့နေနဲ့ တိုင်ပင်ပြီး အားလုံးလွှဲပေးဖို့လုပ်ပါ..."
"ဟုတ်ကဲ့ပါ အကိုလေး..."
"ဒါဆိုလည်း ကျွန်တော်တို့ အဲ့ဒီနေ့မှပဲ တွေ့ကြတာပေါ့... ဒီကြားထဲလိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ ဦးလေး..."
"ကောင်းပါပြီ အကိုလေး...."
"ဒါဆို ကျွန်တော်တို့ ပြန်တော့မယ်...."
"ဟုတ်ကဲ့ အကိုလေး...."
ဦးလေးparkကို မှာစရာရှိတာမှာ ပြီးတော့ ပြန်လာတဲ့ လမ်းတစ်လျှောက် သူ့စိတ်တို့က ပေါ့ပါးနေသလို.... သူ ထမ်းထားတဲ့ တာဝန်တစ်ခုလျော့သွား၍လည်းဖြစ်မည်....