Hyungက သူနဲ့သမီးလေးကို ဆိုင်ကဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးမည်ဟုပြောထားသည်ကြောင့် ဆိုင်ကိုလိုက်သွားရန် သူ သမီးလေးကို ပြင်ဆင်ပေးနေသည်....
အဝါရောင်တောက်တောက် ဂါဝန်ရှည်လေးနဲ့ ဆံပင်ဂုတ်ဝဲလေးတွင် ဘီးကုပ်အဝါလေးရယ်... ဖိနပ်အဝါရောင်လေးဝတ်ထားတဲ့ သမီးလေးဟာ သူ့ မျက်လုံးထဲမှာတော့ အရမ်းကိုချစ်ဖို့ကောင်းနေခဲ့သည်....
"ကျန်း ပြီးသွားပြီ.... appa သမီးလေးက ဘယ်သူနဲ့တူလို့ အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ..."
ပြင်ဆင်ပေးပြီးတဲ့ သမီးလေးကို မှန်လေးပြရင်း သူဆိုလိုက်တော့ သမီးလေးက သူ့ကိုဖက်လာကာ....
"Appaနဲ့ တူလို့လေ..."
"Aigoo ပြောတက်လိုက်တာ... အဲ့ဒါတွေကြောင့်ပဲ appaတို့ကချစ်နေရတာ..."
သူ အသည်းယားစွာဖြင့် ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်မိတော့ တခစ်ခစ်ရယ်လေ၏...
"သမီးလေး appa ကာတွန်းကားဖွင့်ပေးထားမယ် ခဏကြည့်နေနော်.... ခဏနေရင် daddyဆီကို သွားကြမယ်..."
"ဟုတ်ကဲ့ appa..."
သူ ပြောလိုက်တော့ ချစ်စဖွယ်ဖြစ်အောင် ခေါင်းငြိမ့်ပြတဲ့ သမီးလေးကို ချီကာ သမီးလေး အခန်းထဲမှ ထွက်လာခဲ့ပြီး... ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် သမီးလေးကို ထိုင်စေကာ.... ကာတွန်းကားကို ဖွင့်ပေးလိုက်သည်....
"သမီး ကြည့်နေနော်...."
ခေါင်းငြိမ့်ပြပြန်တဲ့ သမီးလေးပါးကို ရွှတ်ခနဲနမ်းပြီးနောက် သူ့အတွက်ပြင်ဆင်ဖို့လုပ်ရတော့သည်.... ယောက်ျားလေးတစ်ယောက်မို့ သိပ်အကြာကြီးပြင်ဆင်စရာတော့မလိုအပ်ပေ.... တစ်ခါလောက်တော့ လူငယ်ဆန်ဆန်ဝတ်ကြည့်ချင်လာသည်ကြောင့်....
ဒူးပြဲဂျင်းဘောင်းဘီမိုးပြာရောင်... သမီးလေးနဲ့ဆင်တူဖြစ်စေရန် T-shirtအဝာရောင်ဖျော့ဖျော့ကိုအပေါ်က လည်သာကုတ်အနက်ရောင်ထပ်ဝတ်လိုက်ခြင်းမှာ သူ့ရဲ့ပြင်ဆင်မှုတို့ပြီးသွားလေပြီ... သူရဲ့ ဒီလိုလူငယ်ဆန်ဆန်မျိုးကိုဝတ်ပုံမျိုးကိုသာ hyungမြင်လိုက်ရင် အံ့သြနေမှာအသေအချာပါပဲ....