㈢㈩㈢

101 12 0
                                    

"Fran ငါ မင်းကို လက်​ထပ်​ချင်​လို့ လက်​ထပ်​ခွင့်​​ပေးနိုင်​မလား...."

ကုမ္ပဏီဆင်းရင်​ လာကြိုမယ်​ဟု​ပြောထားတဲ့ Kaiဟာ သူ့ကိုလာကြိုပြီး ​ခေါ်လာခဲ့တာက အဆင့်​မြင့်​မြင့်​ စား​သောက်​ဆိုင်​တစ်​ခု....

ဆိုင်​ထဲ ဝင်​ဝင်​ခြင်း မြင်​လိုက်​ရတဲ့သည်​မှာ တစ်​ဆိုင်​လုံး ဘယ်​သူမှ မရှိပဲ... တိတ်​ဆိတ်​လွန်း​နေခြင်းဖြစ်​သည်​....

သူ့လက်​ကို ကိုင်​ဆွဲကာ​ခေါ်လာတဲ့ Kaiက ​ထောင့်​ကျကျ စားပွဲဆီသို့ သွားလိုက်​ပြီး ထိုင်​ခုံ​ပေါ်တွင်​ သူ့ကို ထိုင်​​စေသည်​....

"Fran ထိုင်​​လေ...."

"အွန်း..."

သူ ထိုင်​ပြီးသည်​နှင့်​ Kaiက သူ့မျက်​နှာခြင်းဆိုင်​တွင်​ ဝင်​ထိုင်​သည်​....

မကြာခင်​မှာပဲ အစားအ​သောက်​ အချို့ သူတို့​ရှေ့လာချသည်​.... Kai ကြိုတင်​မှာထားပုံရသည်​...

"Kai တစ်​ဆိုင်​လုံး လူလည်းမရှိဘူး​နော်​..."

"အင်း ငါက မင်းနဲ့အတူ နှစ်​​ယောက်​တည်း ​အေး​ဆေးစားချင်​လို့ တစ်​ဆိုင်​လုံးငှါးထားတာ​လေ..."

Kaiအ​ပြော​ကြောင့်​ သူ အံ့သြရ​ပေမယ့်​ Kaiကို ကြည့်​လိုက်​​တော့ ​အေး​ဆေးစွာပင်​... အစားမပျက်​....

"စားပါ Franရာ... ငါ့မျက်​နှာမှာ စားစရာမရှိဘူး...."

သူ ကြည့်​တာကြာသွား၍ Kaiက သူ့ကို ရွှတ်​​နောက်​​နောက်​လှမ်းစသည်​....

"Fran စားနှင့်​​နော်​... ငါ ဗိုက်​​နည်းနည်း..."

မ​အောင့်​နိုင်​​တော့တဲ့ မျက်​နှာထားနဲ့ ဗိုက်ကိုဖိနှိပ်ေ​​နတဲ့Kai​ကြောင့်​....

"သွား မြန်​မြန်​သွား... စား​နေ​သောက်​​နေပြီဆို ထ ထ​ဖောက်​တာ Kim Kaiတို့က..."

သူ ​ခွင့်​ပြုချက်​ရသည်​နှင့်​ လှစ်​ခနဲ ထ​ပြေးသွား​လေသည်​....

သူ စား​သောက်​လို့ ပြီးချိန်​​လောက်​တွင်​ ပြန်​​ရောက်​လာတဲ့ Kaiက လက်​နှစ်​ဖက်​ကို ​နောက်​ပစ်​ထားလို့ သူ့အနားတွင်​ လာရပ်​​လေသည်​....

Reflection [Zawgyi/Unicode]Where stories live. Discover now