㈡㈩㈦

96 11 2
                                    

"Boss...."

ရုံးခန်းထဲ ထိုင်​​နေတဲ့ Jonghyunအ​ရှေ့ လက်​နှစ်​ဖက်​တို့ကို ​ရှေ့တွင်​ယှက်​ကာ ရပ်​​နေကြတဲ့ လူသုံး​ယောက်​....

"ဘာထူးလဲ...."

"​တောင်းပန်​ပါတယ်​ Boss.... ကျွန်​​တော်​တို့ အတက်​နိုင်​ဆုံးရှာ​ပေမယ့်​.... နှစ်​​ယောက်​လုံးက မီး​လောင်​တဲ့ အထဲပါသွားတယ်​လို့သိရပါတယ်​...."

"ဘာာ!!!!...." *ဒုန်း*

Jonghyun စားပွဲခုံကို လက်​နှစ်​ဖက်​ဖြင့်​ ထုရင်း မတ်​တပ်​ထရပ်​လိုက်​​တော့.... ရပ်​​နေတဲ့သူသုံး​ယောက်​ရဲ့ ခန္ဓာကိုယ်​ဟာ တွန့်​ခနဲ....

"မင်းတို့​ပြော​တော့ ရှင်​တယ်ဆို မကြာခင်​​တွေ့ရ​တော့မှာပါဆို... ​ပြောစမ်းပါ...."

ထိုသုံး​ယောက်​ရဲ့ ​ရှေ့မှာရပ်​လိုက်​ပြီး ​ဒေါသတကြီး​အော်​မိ၏....

"ကျွန်​​တော်​တို့လည်း စုံစမ်းရင်း အဲ့လိုပဲ သိခဲ့ကြတာပါ.... ​နောက်​ဆုံး သွားစုံစမ်းခဲ့တဲ့ ​ဂေဟာမှာ သူတို့နှစ်​​ယောက်​ကို သိတဲ့သူရဲ့ ​ပြောပြချက်​အရ သူတို့နှစ်​​ယောက်​ဟာ မီးထဲပါပြီး ​သေဆုံးသွားတယ်​လို့ သိရပါတယ်​...."

"​သေချာလား...."

"ဟုတ်​ကဲ့​သေချာပါတယ်​ Boss..."

အယုံကြည်​ရဆုံးသူ​တွေမို့ လိမ်​​ပြော​နေတာမဟုတ်​မှန်းလဲ Jonghyunသိသည်​....

"ဟုတ်​ပြီ.... တာ​ဝန်​​ကျေပါတယ်​ မင်းတို့သွားလို့ရပြီ...."

"ဟုတ်​ကဲ့...."

ထိုသုံး​ယောက်​ထွက်​သွား​တော့မှ Jonghyung ထိုင်​ခုံ​ပေါ်ပစ်​ထိုင်​ချမိသည်​.... ဟူး က​လေးကို ဘယ်​လို​ပြောပြရပါ့မလဲ... က​လေးက သူတို့နဲ့ ပတ်​သတ်​ပြီး အများကြီး​မျှော်​လင့်​ထားတာ....

ဒီကိစ္စ​ကြောင့်​ သူ က​လေးနဲ့ လက်​ထပ်​ရခြင်း မထပ်​ရခြင်းထက်​ က​လေးစိတ်​ဆင်းရဲ စိတ်​ညစ်​သွားမှာကို သူပို​ကြောက်​သည်​.... ​ဒီအ​ကြောင်း​တွေကိုသာကြားကြည့်​ က​လေး​ ​သေချာ​ပေါက်​ ​မျှော်​လင့်​ချက်​မဲ့တဲ့ သူတစ်​​ယောက်​လို ဖြစ်​သွားမှာ....

Reflection [Zawgyi/Unicode]Where stories live. Discover now