196 21 0
                                    

"Key... သူ​ဌေး ​ခေါ်​နေတယ်​ ရုံးခန်းကို ခဏလာခဲ့ပါတဲ့..."

"ဟုတ်​ကဲ့ hyung... ကျွန်​​တော်​ အခုပဲ သွားလိုက်​ပါ့မယ်​...."

မန်​​နေဂျာhyung လာ​ခေါ်​သော​ကြောင့်​ Keyတစ်​​ယောက်​ သူ​ဌေး ရုံးခန်းရှိရာသို့ သွားခဲ့လိုက်​သည်​...

"အကို ကျွန်​​တော့်​ကို​ခေါ်တယ်​ဆို..."

Key အကို့ရဲ့ စားပွဲ​ရှေ့မှာ ရပ်​လိုက်​​တော့ အကိုက သူ့ကိုကြည့်​လာသည်​...

"​အေး ဟုတ်​တယ်​... ​မေးစရာ​​လေးရှိလို့... Keyရဲ့ အ​မေ အ​ခြေအ​နေကို ကိုယ်​သိချင်​လို့ ​ပြောပြ​ပေးလို့ရမလား...."

"Ommaက လူကြီး​ရောဂါပါပဲ... အခု​တော့ သက်​သာလို့ ​ဆေးရုံက​နေဆင်းလာပါပြီ..."

"ဟုတ်​ပါပြီ... ​တစ်​ခုခု အကူအညီလိုတာရှိရင်​ ကိုယ့်​ကို​ပြောလို့ရတယ်​​နော်​..."

"ဟုတ်​ကဲ့ပါ..."

"အဲ့ဒါဆို သွားလို့ရပြီ..."

"ခွင့်​ပြုပါအုံး အကို..."

အကို ​ခေါင်းငြိမ့်​ပြ​တော့ Key အကို ရုံးခန်းထဲမှ ထွက်​လာခဲ့သည်​...

"Key အကိုက ဘာတဲ့လဲ..."

"အကိုက ommaအ​ခြေအ​နေကို ​မေးတာပါ..."

"ဪ... ဒါနဲ့ အကိုက အသက်​သာငယ်​တာ ​မောက်​မာတာလည်းမရှိဘူး​နော်​ Key... ငါကြုံဖူးခဲ့တဲ့ သူ​ဌေး​တွေထဲမှာလည်း အကိုက အ​ကောင်းဆုံးပဲ..."

"ဟုတ်​တယ်​ chingu..."

"အကိုတင်​မဟုတ်​ဘူး အကို့ချစ်​သူကလည်း အရမ်း​သ​ဘော​ကောင်းတာ..."

Taeminနဲ့ Key စကား​ပြော​နေတုန်း စီနီယာhyungကလည်း ဝင်​​ပြောလာသည်​...

"Hyungက​တွေ့ဖူးလို့လား..."

"​တွေ့ဖူးတာ​ပေါ့... အကို့ ချစ်​သူက ဆရာဝန်​​လေ... ​ခြောက်လတစ်ကြိမ်ေ​​​လာက်​မှာ ငါတို့ဝန်​ထမ်း​တွေကို ကျန်းမာ​ရေးစစ်​​​ဆေး​ပေးဖို့လာ​လေ့ရှိတယ်​... တခြားအချိန်​​တွေမှာ​တော့ သိပ်​မလာဘူး... သိပ်​မကြာခင် ​မင်းတို့လည်း ​တွေ့ရ​တော့မှာပါ... ဘာလို့လဲဆို​တော့ ဒီလကုန်ဆို ​ခြောက်​လပြည့်​ပြီ​လေ..."

Reflection [Zawgyi/Unicode]Where stories live. Discover now