"အင်း ဟင်း ဟင်း...."
Jonghyunနဲ့ သမီးလေး အိမ်ထဲ ဝင်ဝင်ခြင်း ငြီးငြူသံကြားလိုက်ရတော့ လိုက်ရှာကြည့်မိသည်....
ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ Francesscoထံမှ ဖြစ်သည်ကို သူသိလိုက်သည်.... ဒါကြောင့်အနားကပ်ကြည့်လိုက်သည်.... နဖူးပေါ်လက်အသာတင်ကာ စမ်းကြည့်လိုက်တော့...
ဟာ ဒီကောင်လေး ကိုယ်တွေ ကျစ်ကျစ်တောက်ပူနေတာပဲ.... ကလေးကတော့ပြောသည် ဒီကောင်လေး ခြေထောက်ထိခိုက်ထားသည်တဲ့....
ကြည့်ရတာ အနာအရှိန်ကြောင့် ဖျားသည်ထင်ပါရဲ့... ဘယ်အချိန်ထဲက အဖျားတက်နေလဲမသိ....
Jonghyunကလည်း အလုပ်စောပြီးလို့ သမီးလေးကို သွားအကြို ကလေးကလည်း လာကြိုတာကြောင့် မိသားစုစုံတုန်းလေး အပြင်မှာပဲ ညစာ စားကြဖြစ်သည်... ညစာစားပြီးနောက် ကလေးကလည်း အလုပ်ကို တစ်ခါတည်း တန်းသွားလိုက်သည်လေ....
"Francessco.... ကောင်လေး.... ကောင်လေး...."
သူ လှုပ်နှိုးနေတာတောင် အသိတို့မဝင် ငြီးငြူသံတို့သာ အဆက်မပြတ်ထွက်လာလေ၏.... အပူကြီးပြီး သတိလစ်သွားသည်ထင်တယ်....
"Daddy.... oppaဘာဖြစ်တာလဲဟင်...."
စိုးရိမ်မျက်ဝန်းလေးများဖြင့်မေးနေတဲ့ သမီးလေးက ကောင်လေးကို အတော်ခင်သည်.....
"သမီးလေး oppaကနေမကောင်းတာ.... သမီးလေး oppaကို ခဏကြည့်ထားနော် daddyလုပ်စရာရှိလို့...."
သမီးလေးကို ကောင်လေးအနားမှာထားခဲ့လို့ မီးဖိုခန်းထဲဝင် ရေဇလုံတစ်ခုထဲရေထည့်ပြီးယူလာ ဧည့်ခန်းထဲက စားပွဲပေါ်ခဏချ ပြီးတော့ အိပ်ခန်းထဲသွားကာ အဝတ်သန့်သန့်တစ်ခုကို သွားယူရသေးသည်...
ကွေးကွေးလေးဖြစ်နေတဲ့ ကောင်လေးကို ပက်လက်အနေအထားဖြစ်အောင်ပြင်....
အားလုံးအဆင်သင့်ဖြစ်တော့မှ ခေါက်ထားတဲ့အဝတ်ဖြူ လေးကို ရေထဲနှစ်ကာ ရေပြန်ညှစ်ပြီးနောက် ကောင်လေး နဖူးပေါ် အသာအုပ်တင်ထားလိုက်သည်....
![](https://img.wattpad.com/cover/161481455-288-k358484.jpg)