㈡㈩㈢

88 11 0
                                    

"Chingu...."

"အွန်း​ ​ပြော​လေ Key....."

Keyက နှစ်​​ယောက်​တည်း ​ပြောစရာရှိသည်​ဆို၍ 
ကော်​ဖီဆိုင်​တစ်ခု​အတွင်း နှစ်​​ယောက်​သားထိုင်​​နေကြခြင်းဖြစ်​သည်​....

"ဟို ငါ ငါ​လေ...."

"ဘာ​ပြောမှာလဲ Keyရာ.... ​ပြောမှာဖြင့်​​ပြော ငါ သိပ်​စိတ်​မရှည်​ဘူး​နော်​...."

"​ပြောမှာပါ chinguရာ.... ငါ Onew hyungနဲ့ လက်​ထပ်​ချင်​ပြီ.... အဲ့ဒါ မင်းဆီက ခွင့်​ပြုချက်​လိုချင်​လို့...."

Key စကား​ကြောင့်​ သူ သိပ်​ပြီး​တော့ မအံ့သြမိပါ​လေ.... ဘာလို့လဲဆို​တော့ Keyနဲ့hyung ကြိုက်​​နေကြတာကို သူ သိသည်​.... တစ်​ချိန်​ချိန်​မှာ ဒီစကားကြားရလိမ့်​မယ်​ဆိုတာကိုလည်း သူ မှန်းဆမိပြီးသား....

ဒါ​ပေမယ့်​ သူ့တို့ဘက်​က သ​ဘောတူရုံနဲ့ မပြီးဘူး​လေ.... Keyဘက်​က​ရော အမြင်​အာရုံမရှိတဲ့ hyungနဲ့ Keyကို သ​ဘောတူကြည်​ဖြူပါ့မလား.... Hyungကို ငြိုငြင်​ကြမှာကို သူမလိုလားဘူး....

"Key ငါက​တော့ သ​ဘောမတူစရာမရှိပါဘူး.... ဒါ​ပေမယ့်​ hyungကို မျက်​စိခွဲပြီးတဲ့ အထိ​တော့ ​စောင့်​​ပေး​စေချင်​တယ်​...."

"chinguကလည်းကွာ အခု လက်​ထပ်​ထားပြီး ​နောက်​မှ ခွဲစိတ်​လည်းရ​နေတာပဲကို...."

က​လေးတစ်​​ယောက်​လိုချင်​တာမရလို့ ပူဆာသည့်​ပုံစံမျိုးနဲ့ သူ့ကို​ပြော​နေတဲ့ Keyကိုကြည့်​ကာ သူရယ်​ချင်​လာသည်​.... hyungနဲ့ကြိုက်​ပြီး​နောက်​ပိုင်း Keyက အပြုအမူ​တွေက က​လေးဆန်​လာသလို hyungကိုလည်း အရမ်းချွဲလာတာ.... အခုလည်း သူ့ကို hyungလို့များထင်​​နေလားမသိ.....

"ငါက hyungကို ပြည့်​ပြည့်​စုံစုံနဲ့ပဲ လက်​ထပ်​​စေချင်​တာ... ငါ့စကားကို နားမ​ထောင်​ရင်​ တစ်​ခါတည်း အဆက်​ဖြတ်​ခိုင်းလိုက်​မှာ​နော်​ Key...."

"အဲ့လို​တော့ မလုပ်​ပါနဲ့ ​ယောက်​ဖရာ.... နား​ထောင်​မယ်​ ဟုတ်​ပြီလား... ပြီး​တော့ hyungကို ခွဲစိတ်​ဖို့အတွက်​လည်း ငါကြိုးစား​တော့မှာ​နော်​.... မင်းကို မ​စောင့်​နိုင်​​တော့ဘူး...."

Reflection [Zawgyi/Unicode]Donde viven las historias. Descúbrelo ahora